အသက် ၆၀ ကျော် အဘွားအို အဝတ်လှမ်းရင်း လေးလွှာတိုက်ခန်းမှ ပြုတ်ကျမှု တာမွေမြို့နယ်တွင် ဖြစ်ပွား

ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ တိုက်တစ်ခုတွင် ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲပိုင်းက အသက် ၆၀ ကျော်အရွယ် အဘွားအိုတစ်ဦး အဝတ်လှမ်းရင်း ၄ လွှာတိုက်မှ တိုက်အောက်သို့ ​ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံမှ သိရသည်။

တိုက် ၄ လွှာမှ မတော်တဆပြုတ်ကျခဲ့သော အဘွားအိုတွင် ဦးခေါင်းနှင့်ခန္ဓာကိုယ်တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြေပြင်၌ ရှေးဦးသူနာပြုစုကုသပေးခဲ့ပြီး မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ဝင်များက ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်၊ ကျောက်မြောင်းလမ်းတွင် အမျိုးသမီးတစ်ဦး ၇ လွှာတိုက်ခန်းမှ တိုက်အောက်သို့ မတော်တဆပြုတ်ကျမှုဖြစ်ပွားခဲ့ပြီး ပခုံးရိုးနှင့်​ခြေကျိုးခဲ့သဖြင့် ဒဏ်ရာရရှိသူအမျိုးသမီးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံမှ သိရသည်။

Credit - MT News Agency

#centralnewsnaypyitaw

image
image
image
image
image