26 w - Translate

တမူးမြို့နှင့် ဖောင်းပြင်မြို့တို့ကိုဗဟိုပြု၍ အင်အား ၄ ဒသမကျော်ရှိ ငလျင်လှုပ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နှင့်ဖောင်းပြင်မြို့တို့ကိုဗဟိုပြု၍ အင်အား ၄ ဒသမကျော်ရှိ ငလျင်တစ်ခု ယနေ့ ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။

တမူးမြို့၏ အရှေ့-အရှေ့ မြောက်ဘက် ၃၇ မိုင်ခန့်အကွာ၊ ဖောင်းပြင်မြို့၏ မြောက်-အရှေ့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ၊ မြောက်လတ္တီ တွဒ်(၂၄ ဒသမ ၄၁)ဒီဂရီ၊ အရှေ့လောင်ဂီတွဒ်(၉၄ ဒသမ ၈၇)ဒီဂရီ၊ အနက်(၄၀)ကီလိုမီ တာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်သည် ယနေ့ ဇန်နဝါရီ ၁၉ ရက်နံနက် ၂ နာရီ ၃၁ မိနစ် ၄၆ စက္ကန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းကို မိုးလေဝသမြန်မာ၊ မြန်မာနိုင်ငံကိုယ်စားပြုဌာန၊ မြေငလျင်ဌာနခွဲမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image