Morning Vibe အဖြစ်နဲ့ အလှပုံလေးတွေ ပရိသတ်အလွမ်းပြေ ချပြလာတဲ့ သင်ဇာဝင့်ကျော်
ဇန်နဝါရီ ၁၉
ပရိသတ်ချစ်ခင်မှုများစွာကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ဇန်နဝါရီ ၁၈ နံနက်ခင်းမှာ Morning vibe အနေနဲ့ အလှပုံလေးတွေ ပရိသတ်အလွမ်းပြေချပြလာပါတယ်။
Morning Vibe . Account လေးပြန်ရတဲ့အတွက် တင်မယ်နော်။ အားလုံးကိုလည်း အရမ်းလွမ်းနေလို့ပါ” လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က အခုရက်ပိုင်းထဲမှာ ပရိသတ်ကို အသိပေးလာတာပါ။
သူမက ရန်ကုန်မြို့ အင်းစိန်ထောင်မှာ လွတ်လပ်ရေးနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်မြောက်လာပြီးနောက်မှာ အဓိဌာန်တရားစခန်းတွေလည်း ဝင်ခဲ့ပါတယ်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ Facebook Acc လေးပြန်လည် အသက်ဝင်လာသလိုTiktok account အသစ်ဖွင့်ထားကာ ကျန်းမာရေး ယောဂလေ့ကျင့်ခန်းတွေလုပ်ပြီး Video တွေ တင်ပေးလာပါသေးတယ်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး



