ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ JMEV ရဲ့ EV3 Plus 2025 version
Jiangling Motors အနေနဲ့ သူတို့ရဲ့ ကားသစ်တစ်စီးဖြစ်တဲ့ JMEV Yizhi EV3 Plus 2025 Version နိုင်ငံတကာမှာတော့ JMEV EV3 Plus လို့ လူသိများတဲ့ ကားသစ်တစ်စီးကို စတင်မိတ်ဆက်ပေးလိုက်ပါပြီ။ စျေးကွက်ထဲမှာတော့ BYD Seagull နဲ့ Wuling Bingo တို့လို ကားတွေနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။ JMEV EV3 Plus ကို ဗားရှင်း နှစ်မျိုးရရှိနိုင်မှာ ဖြစ်ပြီး စျေးနှုန်းအားဖြင့် Comfort Version ကိုတော့ 8550 USD နဲ့ Luxury Version ကို 9100 USD ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။
Jiangling ကိုတော့ JMC လို့ လူသိများပြီး truck ကားထုတ်လုပ်သူအဖြစ် ကျော်ကြားပါတယ်။ ဒါတင်မကသေးပါဘူး Yusheng နဲ့ အတူ notorious Landwind brand ရဲ့ နောက်ကွယ်က ကုမ္ပဏီတစ်ခုဖြစ်ပြီး Ford နဲ့လည်း Joint Venture အဖြစ် ဖက်စပ်လုပ်ကိုင်လျက်ရှိပါတယ်။ EV3 Plus ကားသစ်က JMEV လို့ခေါ်တဲ့ Jiangling ရဲ့ new energy division ကနေ ဆင်းသပ်လာတာပါ။
JMC ကနေ ထုတ်လုပ်တဲ့ ထင်ရှားတဲ့ လျှပ်စစ်ကားတစ်စီးကတော့ Yusheng S330 ရဲ့ electrified version ဖြစ်တဲ့ Ford Territory ကားဖြစ်ပြီး Territory ကားကို ICE Version နဲ့လည်း ရရှိနိုင်ပါသေးတယ်။ ဒါ့အပြင် Xiaomi-backed ဖြစ်ထုတ်လုပ်ထားတဲ့ SC-01 sports car ကလည်း JMEV brand ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာမယ်လို့ ဇန်နဝါရီ ၁၃ ရက်နေ့က ကြော်ငြာထားတာလည်း ရှိနေပါတယ်။
EV3 Plus ရဲ့ အတွင်းဘက်မှာ ဆိုရင်လည်း ပုံမှန်လျှပ်စစ်ကားတွေလိုမျိုးပဲ dashboard-mounted central infotainment screen ကို ထည့်သွင်းပေးထားပြီး instrument display အတွက် သပ်သပ် Display ခွဲထားတာမျိုးတော့ မရှိပါဘူး။ ထွက်ပေါ်လာတဲ့ ပုံတွေအရ ပန်းရောင် ကာလာကား ကို တွေ့မြင်ရပြီး အတွင်းခန်းမှာလည်း ပန်းရောင် theme လေးကို တွေ့မြင်ရမှာပါ။
JMEV EV3 Plus အရွယ်အစားက 3720/1640/1535 mm နဲ့ Wheelbase 2390 mm ရှိပြီး Curb Weight ကတော့ 1060 kg ရှိပါတယ်။ Power အပိုင်းမှာတော့ maximum torque 125 Nm ရှိတဲ့ 50 kW electric motor ထည့်သွင်းပေးထားပြီး အရင်ဗားရှင်းတွေမှာ အသုံးပြုခဲ့တဲ့ 40 kW နဲ့ 36 kW motors တွေထက် စွမ်းဆောင်ရည် ပိုများပါတယ်။
JMEV EV3 Plus 2025 version မှာတော့ 30.24 kWh battery back ကို ထည့်သွင်းပေးထားတာကြောင့် 330 km range (CLTC) အထိ မောင်းနှင်နိုင်မှာ ဖြစ်ပြီး Top Speed 102km/h အထိ ရရှိနိုင်မှာပါ။
JMEV Brand ကို JMC ကနေ 2015 တုန်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး 2019 ခုနစ်မှာတော့ joint venture အဖြစ် Renault က ရှယ်ယာ 50% ပါဝင်ခဲ့ပေမယ့် လက်ရှိမှာတော့ ရှယ်ယာတွေ ရှိသေးလားဆိုတာတော့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားတာ မရှိပါဘူး။ ကုမ္ပဏီရဲ့ website မှာဖော်ပြထားတဲ့အချက်အလက်တွေအရေ လက်ရှိအချိန်ထိ Brand ရဲ့ ရောင်းအားက အစီးရေ 100,000 ကျော် ရှိတယ်လို့ ဖော်ပြထားပြီး လက်ရှိမှာလည်း EV2, EV3 နဲ့ Elight models တွေကို ရောင်းချပေးလျက်ရှိပါတယ်။
JMEV လို့ ပြောလိုက်ရင် လူသိပ်မသိကြပေမယ့် JMC လို့ ပြောလိုက်တာနဲ့ ကားစိတ်ဝင်စားသူတွေ တော်တော်များများသိကြတဲ့ Brand ဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာလည်း JMEV လျှပ်စစ်ကားတွေကိုလည်း လက်ရှိမှာ တင်သွင်းရောင်းချပေးနေတာတွေ ရှိပါတယ်။ ဒါကြောင့် အခုသစ်ထွက်ရှိလာတဲ့ JMEV EV3 Plus ကိုရော မကြာခင် တင်သွင်းရောင်းချလာနိုင်မလားဆိုတာနဲ့ တကယ်လို့များ ရောင်းချဖြစ်ခဲ့ရင် ဖြစ်လာနိုင်တဲ့ စျေးနှုန်းကို မိတ်ဆွေတို့ရဲ့ ထင်မြင်ချက်လေးတွေ မျှဝေပေးခဲ့ပါဦး


