26 ပတ် - ဘာသာပြန်ပါ။

အမေရိကန် တရားရုံးချုပ်က TikTok ပိတ်ပင်မှုဥပဒေကို အတည်ပြု
+++++++++++
အမေရိကန်ပြည်ထောင်စုမှာ TikTok အသုံးပြုမှုကို တားမြစ်သည့် ဥပဒေကို အမေရိကန်တရားရုံးချုပ်က အတည်ပြုချမှတ်လိုက်ပါတယ်။
ဒီဥပဒေဟာ အရင်နှစ် ဧပြီလက အတည်ပြုခဲ့တာပါ။
TikTok ဟာ အမေရိကန်က အသုံးပြုသူ သန်း ၁၇၀ ကျော်အတွက် လွတ်လပ်စွာပြောဆိုထုတ်ဖေါ်ခွင့်ကိုချိုးဖေါက်တယ်လို့ပြောဆိုနေကြတာပါ။ တနင်္လာနေ့မှာ အိမ်ဖြူတော်‌ ရောက်မယ့် သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ ဒီ ဥပဒေကို ပြဋ္ဌာန်းလိမ့်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ TikTok ကတော့ ပေကျင်းနဲ့ အချက်အလက်တွေကို မျှဝေခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
တနင်္လာနေ့မှာ ပြုလုပ်မယ့် ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို အခြားနာမည်ကျော် ဧည့်သည်တွေနဲ့အတူတက်ရောက်ဖို့မျှော်လင့်ထားတဲ့ TikTok စီအီးအို ရှိုးဇီချူ ကတော့ အက်ပလီကေးရှင်းနဲ့ လုပ်ဆောင်ဖို့ ကတိကဝတ်ပြုထားပြီး အမေရိကန်မှာ ဆက်လက်ထားရှိပေးထားတဲ့အတွက် တက်လာမယ့် သမ္မတကို ကျေးဇူးတင်တယ်လို့ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်မှာ TikTok ကို ရက်ပေါင်း ၂၇၀မှာ ဖျက်သိမ်းမယ့် နောက်ဆုံးရက်ကို သက်တမ်းတိုးဖို့ကိုတညီတညွတ်တည်း သဘောတူခဲ့ကြပေမယ့် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် တွန်ကော်တွန် ကတော့ အဆိုပါ အဆိုပြုချက်ကို ကန့်ကွက်တားမြစ်ခဲ့ပါတယ်။"ကျွန်တော်တို့ မှောင်သွားပါပြီ။ အဓိကကတော့ ပလက်ဖောင်း ပိတ်သွားလို့ပါလို့ TikTok ရှေ့နေ နိုအယ်ဖရန်စစ်စကိုက အရင်တစ်ပတ်ကလုပ်တဲ့တရားခွင်မှာပြောကြားခဲ့ပါတယ်။

image