မိန်းမတစ်ယောက်ကို ချစ်တယ်ဆိုရင်ချစ်နေရုံနဲ့မပြီးဘူး ၊ ☯
ဘဝ တစ်လျှောက်လုံး လုံလုံ လောက်လောက် ဖြည့်စည်းပေးဖို့ ကြိုးစားရတယ်
တင့်တင့်တယ်တယ် ထားနိုင်ဖို့လိုသေးတယ် ။☯
ချစ်ရုံနဲ့ ပိုင်ဆိုင်ခွင့် မရသေးဘူး ချစ်ပြီးရင်...မြဲမြဲဆွဲဆုပ်ထားရမယ်စာနာသနားရမယ်...ကြင်နာပေးရမယ် ။☯
လုံလုံလောက်လောက် ပြည့်စုံပြီး..
စိတ်ချမ်းသာအောင် ထားနိုင်ပြီးဆိုမှသာ
ထိမ်းမြား လက်ထပ်ခြင်းကို သွားရတယ် ။☯
မင်းတို့လက်ထပ်ခဲ့တဲ့ အမျိုးသမီးဟာ
သူ့အိမ်မှာသူက...ဘုရင်မပဲ...
ကိုယ်အိမ်ရောက်မှ...ကျွန်တစ်ယောက် မဖြစ်စေနဲ့
မိဘလောက်နီးနီး နွေးထွေးပေးရတယ်...။
လူမှုရေး..ကျန်းမာရေး
အဝတ်အစား အသုံးအဆောင်က အစ…
မျက်နှာမငယ်အောင် ထားရတယ် ။
ချစ်တယ်ဆိုတာပါးစပ်နဲ့လူတိုင်း ချစ်တက်ပါတယ်
ထိမ်မြားပြီးမှ..ကျွန်ဖြစ်နေတဲ့မိန်းမတွေကို...
စာနာသနားတက်တဲ့ ယောက်ျားတစ်ယောက်အဖြစ်
ရှိနေဖို့လိုတာပါ...။
အချစ်ဆိုတာ ပါးစပ်ကလာတာမဟုတ်ဘူး ၊ နှလုံးသား...နစ်နေတဲ့ နှလုံးသားက လာတာ
မပြည့်စုံတဲ့ဘဝကိုနှစ်ယောက်အတူ
ကြိုးစားလို့ရတာ မှန်တယ်...။
အပေါင်းအသင်း မိသားစုကြားမှာ
မင်းအမျိုးသမီး မျက်နှာမငယ်ဖို့က
မင်းမှာတာဝန် အပြည့်ရှိတယ်....။
မင်းကိုယ်မင်း လူညံ့ပါလို့ အထင်မခံနိုင်ရင်တော့...
မင်းချစ်တဲ့အမျိုးသမီးအပေါ်
ချစ်တာထက်ပိုတာတွေ....
ဖြည့်ဆည်းပေးနိုင်ရလိမ့်မယ်...။☯
