26 w - Translate

ဘန်ကောက်တွင် သစ်အချောထည်စက်ရုံ မီးလောင်မှုဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ဘန်ဆူခရိုင်တွင် စနေနေ့က သစ်အချောထည်စက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူ မရှိဟု ဆိုသည်။

ပရာချာရတ်လမ်းပေါ်ရှိ စက်ရုံတွင် နံနက် ၁၀း၃၈ နာရီက မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း Rama 199 ရေဒီယိုဌာနက ဖော်ပြသည်။ မီးလောင်မှုဖြစ်ပွားရာ တစ်ထပ်အဆောက်အအုံသို့ မီးသတ်ယာဉ်များနှင့် မီးသတ်သမားများ သွားရောက်ငြိမ်းသတ်ခဲ့ကြသည်။

နံနက် ၁၁း၂၀ နာရီတွင် စက်ရုံအတွင်း ပိတ်မိနေသူ သုံးဦးကို ကယ်တင်ပေးနိုင်ခဲ့ပြီး ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ရသည့် အကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းနေကြောင်း သိရသည်။

image