26 ပတ် - ဘာသာပြန်ပါ။

ဗဟိုဘဏ်က ယွမ်နှင့် ဘတ်များ ထပ်မံထုတ်ရောင်း

နိုင်ငံခြားငွေလဲလှယ်နှုန်း တက်ရိပ်ပြနေချိန်တွင် ဗဟိုဘဏ်မှ ယမန်နေ့တွင် တရုတ်ယွမ် ၁ ဒသမ ၁၄၇ သန်းနှင့် ထိုင်းဘတ် တစ်သန်းထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ယခုဇန်နဝါရီလ၏ ဇန်နဝါရီလ (၂) ရက်မှ (၁၇) ရက်အထိ နှစ်ပတ်ကျော်အတွင်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ (၁၀၈ ဒသမ ၉၁၁) သန်း ၊ တရုတ်ယွမ် (၄ ဒသမ ၄၈၃) သန်း နှင့်ထိုင်းဘတ် (၇ ဒသမ ၀၃၂)သန်းကို ထုတ်ရောင်းပေးထားပြီးဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပြင်ပငွေကြေးဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာ (၄၆၅၀) ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် (၁၃၅.၁၄) ကျပ်၊ တရုတ်ယွမ်တစ်ယွမ်လျှင် (၆၃၂) ကျပ်ဖြစ်ပေါ်နေကြောင်း သိရသည်။

ဗဟိုဘဏ်မှ နိုင်ငံခြားငွေရောင်းချပေးမှုအနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ လေးလအတွင်း ဒေါ်လာ (၃၃၅)သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနှစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလီယံကိုလည်း သီးသန့်ထုတ်ရောင်းပေးထားကြောင်း သိရသည်။