အောမေလေးတို့က ပုဂံခေတ်ကတည်းက ဒီပုံစံပဲနော်.
ပုဂံခေတ်မှာ လင်ထိပ်ထားစံ တွေအများကြီးရှိခဲ့တယ်။ ကျောက်စာတွေမှာ “ ငါ့လင် “ ဆိုပီးရေးကြတာများတယ်။
ငါ့သားမင်းကြီး၊ ငါ့မြေးမင်းကြီး၊ ငါ့လင်သခင် မင်းကြီးဆိုပီးရေးတဲ့ ဖွားစော ကလူတိုင်းကြားဖူးကြတယ်။
ဒါ့အပြင် ငါ့လင်က မင်းတိုင်ပင် အမတ်ကြီးပါဆိုပီးရေးကြတာလည်း တော်တော် များတယ်။
အခုပြောချင်တာက မထင်မရှားလူသိနည်းတဲ့ လင်
ထိပ်ထားစံအမျိုးသမီးတစ်ယောက်ရဲ့ ဆုတောင်းပုံလေးပါ။
ကျောက်စာက မန္တလေးနန်းတွင်းကျောက်စာရုံထဲက ကျောက်စာတိုင်အမှတ် ၁၉။ မြမ္မာနှစ် ၅၈၄ ခုနှစ်၊ သာသနာနှစ် ၁၇၆၆ မှာရေးထိုးတယ်။ ခရစ်နှစ်က (25/04/1222)။
ကျောက်စာ အစပိုင်းက အပျက်များလို့ အလှူရှင် ရဲ့ နာမည် မသိရ။
ထုံးစံအတိုင်း အလှူပြီးတော့ ဆုတောင်းတယ်။
“ ငါ့လင် နှင့် ငါ နိဗ္ဗာန်တိုင် လိုသတေး “ တဲ့။
ကြင်နာသူရေနင် မပါရင်နိဗ္ဗာန်တောင်… ငါလေ တစ်ကိုယ်ရည် မရောက်ချင်ပါ… ဆိုတဲ့ ဗဒင်ထက် အနှစ် ၈၀၀ နီးပါးစောတယ်။
ပုဂံသူကို ဘာမှတ်လဲ မေးရမယ့် အချိုး။
ပုံကတော့ ခုထိ ပုဂံကိုသေချာမသိသေးတဲ့ AI ကိုသင် ရင်း ထွက်လာတဲ့ပုံ။


