16 w - Translate

ဒေ့ vs ရွှေရာမာန်
….
ရာမာန်က ဒေ့ဗ်ကို စိန်ခေါ်ခဲ့တာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က ဖြစ်ပြီး အဲ့ဒီအချိန်မှာ ဒေ့ဗ်ကလည်း သူလက်ဝှေ့လောကကနေ အနားယူပြီးမှ စိန်ခေါ်တာမို့ “ သူခိုးပြေးမှ ထိုးကွင်းထ “ ဆိုပြီး စိန်ခေါ်မှုကို လက်မခံခဲ့ပါဘူး။
ဒါပေမယ့် ခုရက်ပိုင်းမှာတော့ ဒေ့ဗ်ဟာ ကြိုးဝိုင်းထဲ ပြန်လည် ဝင်ရောက်မယ်လို့ ပြောခဲ့ပြီး ရာမာန်ရဲ့ စိန်ခေါ်မှုကို လက်ခံမယ်လို့ ဆိုတာကြောင့် သူတို့ နှစ်ယောက်ပွဲဖြစ်လို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ဒေ့ဗ်က ၃၃ နှစ် ရှိပြီ ဖြစ်ပြီး ရာမာန်က ၂၅ နှစ်ပါ၊ အရပ်အမောင်း အလုံးအထည်ခြင်း မကွာလှပါဘူး။
ကွာခြားမှုကတော့ ပညာပိုင်းပဲ ဖြစ်ပါတယ်၊ ဒေ့ဗ်က မွေထိုင်း၊ MMA ပွဲတွေလည်း ထိုးခဲ့ဘူးပြီး မြန်မာ့ရိုးရာ လက်ဝှေ့ကို လားထိုးတော့လည်း အလွတ်တန်း ချန်ပီယံ ဖြစ်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။
ထွန်းထွန်းမင်း အကောင်းဆုံး အချိန်မှာ ဒေ့ဗ် ရင်ဆိုင်ရတာ ဖြစ်ပြီး ဒုတိယမြောက် ပွဲမှာတော့ ထွန်းထွန်းမင်း ခြေနာသွားတာကြောင့် ၃ ချီမြောက်မှာ ဒေ့ဗ် TKO နဲ့ အနိုင်ရခဲ့တာပါ။
လက်ရှိ ဒေ့ဗ်ရဲ့ လက်ရည်က ထွန်းထွန်းမင်း ရဲ့ ရင်ဆိုင်တွေ့ခဲ့စဥ်ကထက် အများကြီး ပိုကောင်းနေပါပြီ။
ရာမန်ကတော့ ရိုးရာလက်ဝှေ့အတွေ့အကြုံပဲ ရှိနေပြီး သွေးသစ်ဝင်းလှိုင်၊ စိုးလင်းဦး၊ ဖျံသွေး၊ ထွန်းထွန်းမင်းတို့နဲ့ ထိုးခဲ့ဘူးပါတယ်။
လက်ရှိ ရာမာန်ရဲ့ လက်ရည်ဟာ ဒေ့ဗ်နဲ့ ပထမ ၂ ပွဲကို ရင်ဆိုင်ခဲ့စဥ်က ထွန်းထွန်းမင်း ရဲ့ လက်ရည်ထက် တစ်ဆင့် နိမ့်နေပါတယ်။
ဒေ့ vs ရွှေရာမာန်.. ပွဲ ဖြစ်ခဲ့ရင် ရိုးရာလက်ဝှေ့စည်းမျဥ်းနဲ့ ထိုးမလား၊ မွေထိုင်း/ခွန်ခမာ စည်းမျဥ်းတွေနဲ့ ထိုးမလား ၊ ဘယ်နှစ်ချီ ထိုးမလဲ ၊ အလဲထိုး စနစ်လား အမှတ်ပေး စနစ်လား ဆိုတာကို အတိအကျ မသိသေးပါဘူး။
ပွဲအတွေ့အကြုံ နဲ့ ပညာပိုင်း သိသိသာသာ ပိုမြင့်ပြီး မာဂုဏ်လည်း မြင့်တဲ့ ဒေ့ဗ်ကို ရွှေရာမာန် ဘယ်လို ပုံစံမျိုးနဲ့ ရင်ဆိုင်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။

imageimage