26 ပတ် - ဘာသာပြန်ပါ။

ဖရန့်ဖတ်တိုက်စစ်ကစားသမား မာမွတ်ရှ်ကို ခေါ်ယူရန် မန်စီးတီး သဘောတူ

မန်စီးတီးအသင်းဟာ ဂျာမန်ကလပ် ဖရန့်ဖတ်က အီဂျစ်ကစားသမား အိုမာမာမွတ်ရှ်ကို ပေါင် ၆၇ သန်းနဲ့ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိ တိုက်စစ်ကစားသမား မာမွတ်ရှ်ဟာ အခုနှစ်ဂျာမန်လိဂ်မှာ ၁၅ ဂိုးသွင်း ၊ ၉ ကြိမ်ဂိုးဖန်တီးကာ ခြေစွမ်းပြသနေသူပါ။

သူဟာ ၂၀၂၃ ခုနှစ်က ဝုဖ်ဘက်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး မနှစ်ကရာသီကလည်း ၁၇ ဂိုးသွင်း ၆ ကြိမ်ဂိုးဖန်တီးပေးထားပါတယ်။

တနိုင်ငံတည်းအသင်းဖော် ဆာလာနဲ့လည်း နှိုင်းယှဉ်ချီးကျူးခံနေရသူ မာမွတ်ရှ်ဟာ ၂၀၂၁ ခုနှစ်မှာ အီဂျစ်လက်ရွေးစင် ဖြစ်လာပြီး စုစုပေါင်း ၃၅ ပွဲကစားပေးထားပါတယ်။

မန်စီးတီးဟာ ဘရာဇီး ဆယ်ကျော်သက် နောက်ခံလူ ဗစ်တာရိစ်နဲ့ အသက် ၂၀ အရွယ် ဥဇဘက်ကစ္စတန်နောက်ခံလူ ခူဆာနော့ဗ် တို့ကိုလည်း ခေါ်ယူနိုင်ခဲ့ကြောင်း မကြာခင် ကြေညာ ချက်ထုတ်ပြန်သွားဖို့ ရှိပါတယ်။

image