အသည်းအားကောင်းစေတဲ့
#ကနဖော့
အသည်းအားနည်းခြင်း ၊ အရက်သောက်၍ အသည်းပျက်စီးခြင်း
၊အသည်းတွင် ပိုးရှိသောရောဂါများတွင် ကနဖော့ပင်ကို ဆန်ဆေးရည်၊ မုန်ညင်းဆီထည့်ပြုတ်ပြီး ဆားအနည်းငယ် ဖြင့် ရောစပ်သောက်သုံးပါကအသည်းအားကောင်းေစသည်။
ကျောက်ကပ် ကျောက်တည်ပါက ကနေဖော့ပြုတ်ရည်ကို သကြား သို့ ပျားရည်နှင့် မှီဝဲနိုင်ပါသည်။
ရေဖျဥ်းစွဲ၍ ဖောရောင်လျှင် ကနဖော့ကိုပြုတ်၍ စားခြင်း၊ ပြုတ်ရည်ဖြင့် ချွေးအောင်း ပါကသက်သာ ပျောက်ကင်းနိုင်သည်။
ရေကျောက်ရောဂါ အရေပြားများအတွက်လည်း ကနဖော့ကြိတ်ရည်ကို သောက်သုံးပါက ပျောက်ကင်း၏
ဆီးပူညောင်းကျရောဂါဖြစ်လျှင် အရွက်သတ္တုရည်ကို နွားနို့နှင့်ဖြစ်စေ၊ ဆိတ်နို့နှင့်ဖြစ်စေ ရောစပ်၍ သောက်သုံးခြင်းဖြင့်ပျောက်ကင်းေစသည်။
အရေပြားယားယံပါက အပင်ပြုတ်ရည်ဖြင့် ရေချိုးပါကပျောက်ကင်းနိုင်သည်။
ဦးခေါင်းပူပါကနဖော့ရွက်ကိုကြိတ်၍ ဦးခေါင်းငယ်ထိပ်တွင် အုံပေးသော် သက်သာ ပျောက်ကင်းစေနိုင်သည်။
Ref မြန်မာ့ဆေးဝါးပင်များ

