26 ပတ် - ဘာသာပြန်ပါ။

မန္တလေး Diamond Plaza တတိယထပ်မှ ပန်းရန်လုပ်နေသည့် သားသမီးနှစ်ဦး၏မိခင် ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား

ဇန်နဝါရီ ၁၇

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကဥ္စနမဟီရပ်ကွက်၊၇၇ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ Diamond Plaza တတိယထပ်ပေါ်မှ ပန်းရန်လုပ်နေသည့် သားသမီးနှစ်ဦး၏မိခင်တစ်ဦး ပြုတ်ကျသေဆုံးမှု ယနေ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က အဆိုပါ Diamond Plaza အကြီးစားပြင်ဆင်မှုများပြုလုပ်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သည့် ပန်းရံအလုပ်သမားအမျိုးသမီးကြီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။

“သေဆုံးသူက အသက် ၅၂ နှစ်အရွယ်ရှိပါပြီ။ နေတာက မီးရထားတိုက်တန်းကပါ။ သူ့မှာ အသက် ၂၀ လောက်အရွယ် သမီးတစ်ယောက်နဲ့ ၁၀ နှစ်သားအရွယ် သားတစ်ယောက်ရှိတယ်။ Diamond Plaza က ပြန်ပြင်တာ ထင်ပါတယ်”ဟု လိုက်ပါကူညီရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ယင်းကြောင့် သေဆုံးသူ၏ရုပ်အလောင်းကို သုခဗလ လူမှုကူညီရေးအသင်း၏မော်တော်ယာဥ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကာ ရေခဲတိုက်တွင် ထားရှိကြောင်း သိရသည်။

လက်ရှိတွင် ပြုတ်ကျသေဆုံးရသည့်အကြောင်းရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေကြကြောင်းလည်း သိရသည်။

#centtalnewsnaypyitaw

image