"ကျွန်တော်တို့နှင့် နှစ်ထပ်ကော်ဘောလုံး"

ကျောင်းရောက်ပြီ ဆိုတာနဲ့ လွယ်အိတ်ကို သစ်ပင်အောက် တစ်နေရာမှာထားခဲ့ပြီး —
နှစ်ထပ်ကော်ဘောလုံးလေးကိုရှာ၊
တွေ့ကရာလူနဲ့ ကျောင်းကွင်းမှာ အပွဲပွဲနွဲခဲ့ဖူးတယ်။
ကျွန်တော်တို့လို လူငယ်တွေအတွက် —
နှစ်ထပ် ထပ်ထားတဲ့ ကော်ဘောလုံးဆိုတာ —
အခုတော့ မေ့မရတဲ့ တစ်သက်တာအမှတ်တရ
ဖြစ်ခဲ့ရပြီ။
ဟိုဘက် ရပ်ကွက်နဲ့ ဒီဘက်ရပ်ကွက် တစ်လုံး ၅၀၀ ကြေး ကန်ပြီဟေ့ ဆိုရင်တော့ —
ငွေပမာဏထက် ဂုဏ်သိက္ခာပိုင်းက ပိုအရေးကြီးပါတယ်။
ဒါဟာ ဘယ်လူကြီးမှ အသိအမှတ် မပြုပေးထားတဲ့ ပြိုင်ပွဲကောင်းတွေပါ။
နိုင်ပြီဆိုရင် အိပ်မရနိုင်လောက်အောင် တွေးတွေးပြီး ပီတိတွေနဲ့ ကျေနပ်ကြပေမယ့်၊
ရှုံးပြီဆို​ရင်တော့ မကြေပွဲအတွက် တွေးတောရင်း အိမ်အပြန်လမ်းဟာ အံတကြိတ်ကြိတ် ဖြစ်ရပြီပေါ့။
အခုတော့ ပြိုင်ဘက်ကောင်းတွေနဲ့ တွဲဖက်ကောင်းတွေ အားလုံး အလုပ်အကိုင်ကိုယ်စီ မိသားစုကိုယ်စီ ဖြစ်နေကြပြီလေ။
လမ်းတွေ့ရင်တောင် နှုတ်ဆက်ဖို့ မအားတော့တဲ့ အခြေအနေမှာ ကော်ဘောလုံးလေးတွေ မြင်တိုင်း ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ဝင်လာတက်တယ်။
" ဪ ……...,
အရင်လိုလည်း မလွတ်လပ်တော့ဘူး၊
အရင်လိုလည်း မဆုံဖြစ်တော့ဘူး ''
#စာရယ်ကဗျာရယ်