26 ပတ် - ဘာသာပြန်ပါ။

သုခဒဂုံအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀)ကျော်ကို ထပ်မံငှားရမ်းမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀) ကျော်ကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။

ထို့ပြင် ပြီးခါးနီးအခန်းများ၏ လျှပ်စစ်မီတာများကို လျှောက်ရန်ပြင်ဆင်နေပြီး မီတာရရှိပါက ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း (၂၆၀၀)ကျော်နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် နေရေးအခက်အခဲရှိသည့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် အများပြည်သူများ နေထိုင်နိုင်ရေးအတွက် သက်သာသော အိမ်ခန်းငှားရမ်းခနှုန်းထားများဖြင့် နိုင်ငံတော်က စနစ်တကျတည်ဆောက်ပေးထားခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် (၁၁၆၈) ခန်း၊ ၂၀၂၄ ခုနှစ်တွင် (၁၄၈၈) ခန်း နေရာချထားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခု ၂၀၂၅ ခုနှစ်အတွင်း ထပ်မံတည်ဆောက်ပြီးစီးပါက အများပြည်သူများနေထိုင်နိုင်ရန် အခန်းနေရာချထားရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

image