Part_2
*လူနည်းစု ရပိုင်ခွင့်ကို ကာကွယ်မှု
ထိုစနစ်မျိုးအောက်တွင် လူနည်းစုတို့၏ မူလအခွင့်အရေးများ ဆိတ်သုဉ်းသွားမည် ဖြစ်သည်။
ပြည့်ဝသော ဒီမိုကရေစီဟူသည် အများစုက ရွေးကောက်လိုက်သည့် ပြည်သူ့ ကိုယ်စားလှယ်တို့အား တိုင်းပြည်ရေးရာ စီမံခန့်ခွဲခွင့် အာဏာ အပ်နှင်းကာ အများစု၏ လိုအင်ဆန္ဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ပေးရသကဲ့သို့၊ တစ်ဖက်တွင်လည်း အများစုဝင် အနည်းစုဝင် မခွဲခြား နိုင်ငံသားအားလုံးတို့၏ မူလရပိုင်ခွင့် လွတ်လပ်ခွင့်များ မလျော့ပါး မပျောက်ပျက်အောင်ကား ကာကွယ်စောင့်ရှောက်ပေးရသော သဘောရှိသည်။
သည့်အတွက်ပင် တရားရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတို့နှင့် ခွဲကာ၊ သီးခြား လွတ်လပ်စွာ ရပ်တည်စေရခြင်း ဖြစ်သည်။
အကယ်၍ တရားရေးမဏ္ဍိုင်မှ ပုဂ္ဂိုလ်တို့ မလျော်မကန် ကျင့်ကြံမည် ဆိုလျှင်လည်း အများပြည်သူက ထောက်ပြနိုင် တိုင်ကြားနိုင်သကဲ့သို့ အခြားသော မဏ္ဍိုင်များကလည်း ကွပ်ညှပ်အရေးယူမှုပြုကြမည် ဖြစ်သည်။