ပူစီနံ စိုက်ပျိုးနည်း
ပူစီနံအပင်လေးတွေက ခြင်တွေပြေးစေတဲ့ အနံ့ကိုထုတ်ပေးတာကြောင့် အိမ်မှာ ပူစီနံပင်လေးတွေစိုက်ထားရုံ နဲ့ ခြင်ပြေးစေတဲ့အပြင် ဈေးဝယ်ခြင်းထဲက ပစ္စည်းတစ်မျိုးလည်း လျော့စေနိုင်ပါတယ်။ပူစီနံအပင်လေးတွေက စိုက်ပျိုးရလွယ်ကူပြီး နေရာမယူတာကြောင့် တိုက်ခန်းနေသူများတောင် စိုက်ပျိုးလို့ရပါတယ်။
ပူဒီနာအပင်သည် နှစ်ရှည်သီးနှံပင်မျိုးဖြစ်ပြီး အပူချိန်အမျိုးမျိုး၌ဖြစ်ထွန်းသည်။ ဥယျာဉ်ခြံတိုင်းကစိုက်ပျိုးကြပြီး စီးပွားဖြစ်သုံးသော အနံ့များတွင် အများဆုံးသုံးသော အနံ့တစ်မျိုးဖြစ်သည်။
စိုက်ပျိုးခြင်း
နွေဦးပေါက်၌ ပျိုးပင်ကိုဖြစ်စေ၊ ကိုင်းဖြတ်၍ဖြစ်စေ စိုက်ပျိုးရသည်။ နေရောင်ခြည်အပြည့်အဝရသည့်နေရာ သို့မဟုတ် လင်းရိပ်အနည်းငယ်ရှိသောနေရာ၊ မြေသြဇာထက်သန်သောမြေကွက်၊ အစိုဓာတ်အမြဲရှိပြီး ရေမဝပ်သောအကွက်၊ အနည်းငယ်ချဉ်သောမြေကွက်တို့တွင် ပူဒီနာပင်ကို စိုက်ရသည်။ အပူချိန်မများလွန်းပဲ နေ့တာရှည်သောဒေသတွင် ပူဒီနာအဆီအကောင်းဆုံးကို ရရှိသည်။ အမြစ်ထွက်နေသော ကိုင်းအပြတ်ကိုဖြစ်စေ၊ နွယ်သွားသောအကိုင်းကိုဖြစ်စေ၊ မြေတွင် ၃ လက်မအနက်မြှုပ်၍ ၂ပေခြား စိုက်ပျိုးရသည်။ မကြာမကြာအကိုင်းဖြတ်ပေးခြင်းဖြင့် ပူဒီနာပင်တွင် ကျယ်ပြန့်လာသည်။ ပန်းပွင့်များထွက်လာလျှင် ဖြတ်တောက်ပေးခြင်းနှင့် ပင်စည်ကိုလည်း ဖြတ်တောက်ပေးခြင်းဖြင့် အပင်အုပ်ဆိုင်းလာသည်။ အပင်ခြေရှိ ပေါင်းမြက်များကို ရှင်းလင်းပေးခြင်းဖြင့် အထွက်နှုန်းကောင်းပြီး အနံ့အသက်ပါကောင်းလာသည်။ ၃-၄ နှစ်လျှင် တစ်ကြိမ်နှုန်း ပူဒီနာပင်ကို အုံခွဲပေးရသည်။ ဆောင်းဦးပေါက်နှောင်းပိုင်းတွင် မြေကြီးကပ်၍ အပင်ကိုဖြတ်ပေးရသည်။ ပူဒီနာပင်သည် အလွန်ပြန့်ပွားနိုင်သည်။ မြေကြီးတွင် အလွန်မပြန့်ပွားစေရန် အပင်ကို အိုးထဲထည့်၍စိုက်ပြီး မြေကြီးတွင် အိုးကိုမြှုပ်ထားရသည်။
#crd
