ဂျေမီကာရေဂါလ်က လီဗာပူးလ်အသင်းအနေနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်ပြီးနောက်မှာတော့ အသင်းအနေနဲ့ နောက်ခံလူခေါ်ယူအားဖြည့်ဖို့တိုက်တွန်းပြောဆိုလိုက်ပါတယ်။

လက်ရှိဘောလုံးသုံးသပ်သူတာဝန်ယူထားတဲ့လီဗာပူးလ်နောက်ခံကစားသမားဟောင်း ဂျေမီကာရေဂါလ်က ကြိုးကြာနီအသင်းအနေနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကိုအနိုင်ရယူနိုင်ပြီး အသင်းရဲ့ ခံစစ်ပိုင်းအားနည်းမှုကို လူမှုကွန်ယက်စာမျက်နှာပေါ်ကနေမျှဝေပြောဆိုခဲ့ပြီး အသင်းဆီနောက်ခံကစားသမားသစ်ခေါ်ယူဖို့တောင်းဆိုလိုက်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ အဲဒီညတုန်းကအနိုင်ရလဒ်နဲ့ထိုက်တန်မှုရှိပါတယ်။သူတို့အသင်းအနေနဲ့အရေးပါတဲ့အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီး ဒီပွဲစဉ်ကိုအနိုင်မရခဲ့ပါဘူး။
ဒါပေမဲ့ သူတို့အသင်းရဲ့ရာသီအစပိုင်းခံစစ်ပိုင်းမာကျောမှုတွေကပျောက်ဆုံးသွားခဲ့ပါတယ်။သူတို့အနေနဲ့ ဂိုးတွေပေးရဖို့အမြဲအဆင်သင့်ဖြစ်နေပုံရပြီး နောက်ခံကစားသမားဝယ်လိုက်ပါတော့လို့ ကာရေဂါလ်ကပြောဆိုခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image