26 ပတ် - ဘာသာပြန်ပါ။

နိုင်းမြစ်သည် ကမ္ဘာပေါ်တွင် အရှည်ဆုံးမြစ်တစ်စင်းဖြစ်ပြီး အာဖရိကတိုက်တွင် တည်ရှိပါတယ်။ ၄င်းသည် အာဖရိကနိုင်ငံ ၁၁ နိုင်ငံကိုဖြတ်ကျော်၍ အလျား ၆,၆၅၀ ကီလိုမီတာ (၄,၁၃၀ မိုင်) ရှိပြီး အီဂျစ်နိုင်ငံမှ ဆူဒန်နိုင်ငံအထိ ဖြတ်သန်းစီးဆင်းပါတယ်။

နိုင်းမြစ်သည် မြစ်ပြာနှင့် မြစ်ဖြူဟူ၍ မြစ်နှစ်စင်းပေါင်းစပ်မှုမှ ဖြစ်ပေါ်လာခဲခြင်းဖြစ်ပါတယ်။ မြစ်ပြာသည် အီသီယိုးပီးယားနိုင်ငံရှိ တောင်တန်းများမှ စတင်ပြီး မြစ်ဖြူသည် အာဖရိကတိုက် အလယ်ပိုင်းရှိ ဝိတိုရိယ‌
ရေအိုင်မှ စတင်ကာ မြစ်နှစ်စင်းသည် ဆူဒန်နိုင်ငံရှိ
ခါတွမ်းမြို့ အနီးတွင် ပေါင်းစည်းကာ နိုင်းမြစ်အဖြစ် ဆက်လက်စီးဆင်းခြင်းဖြစ်ပါတယ်။

ထိုနိုင်းမြစ်ဝှမ်းဒေသသည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများအတွက် အထူးသင့်လျော်သော မြေဩဇာများရှိပြီး အီဂျစ်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိက အားထားရာပင်ဖြစ်ကာ ကမ္ဘာပေါ်တွင် လယ်ယာစိုက်ပျိုးလုပ်ကိုင်ရန် မြေဩဇာ အကောင်းဆုံးသော ဒေသများတွင် အပါအဝင်ဖြစ်ပြီး ရှေးယခင်ဘီစီ ၅၀၀၀ ခန့်ကပင် အီဂျစ်တောင်သူ လယ်သမားတို့သည် ထိုနေရာတွင်စိုက်ပျိုးလုပ်ကိုင်ခဲ့ကြပါတယ်။

၎င်းသည် အီဂျစ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် သမိုင်း ကြောင်းအတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ပြီး ယနေ့အချိန်ထိ အီဂျစ်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိက အားထားရာ မြစ်တစ်စင်းအဖြစ်ဆက်လက်တည်ရှိနေပါတယ်။

#thenile
#africa
#egypt

image