𝖶𝖾𝗇𝖽𝖾𝗅𝗅 𝖺𝗇𝖽 𝖶𝗂𝗅𝖽 (2022)
မိဘတွေ ကိုယ့်မျက်စိရှေ့တင်ဆုံးပါးသွားတာကို မြင်ခဲ့ရတဲ့ ကတ် ဆိုတဲ့ကလေးမလေးကို ကက်သလစ် ကျောင်းအုပ် ဖာသာတစ်ယောက်ကသူ့ကျောင်းမှာခေါ်ထားလိုက်ပါတယ်။
ကတ်မှာ အနာဂတ်ကိုကြိုမြင်ရသလိုမျိုး စွမ်းအားတစ်ခုရှိကြောင်းကိုလည်း သူကျောင်းရောက်ရောက်ချင်းမှပဲ သတိထားမိသွားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ မကောင်းဆိုးဝါးတွေနေတဲ့မြေအောက်ကမ္ဘာမှာ ဝန်ဒဲလ် နဲ့ ဝိုင်းလ် ဆိုတဲ့မကောင်းဆိုးဝါးနှစ်ကောင်ရှိတာပေါ့။
သူတိုက ငရဲအပျိုစင်ဆိုတဲ့အရာကိုလိုချင်နေကြတာ၊ အဲဒါကိုရရင်သူတိုဆန္ဒပြည့်ဝမှာဖြစ်တဲ့အတွက် အရမ်းလိုချင်နေကြတာ။
အဲဒါနဲ့ သူတိုနှစ်ယောက်က ကတ်အကြောင်းကိုသိသွားပြီး သူတိုကို ငရဲအပျိုစင်ရအောင်လုပ်ပေးရင် ကတ်ရဲ့မိဘတွေကိုပြန်ရှင်အောင်လုပ်ပေးမယ်ဆိုပြီးကတ်ကို အိပ်မက်သွားပေးသွားပြီး ကတ်ကိုစည်းရုံးတာပေါ့၊
ဒီလောက်ဆို ဘာဆက်ဖြစ်မလဲသိချင်သွားလောက်ပြီဆိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုပေးလိုက်ကြပါဦး။
#cartoonnetwork
