26 w - Translate

ရေခဲရေ
အဝတ်ပါးနဲ့ အုပ်ထားတဲ့ ဒန်ရေဆွဲပုံးထဲကရေကို ခပ်ပြီး သံနဲ့ ကိုင်းဆင်ပြီးထည့်ထားတဲ့ ရေစစ်ထဲက ရေခဲတုံးပေါ်ကို လောင်းချပြီး အောက်က ခံထားတဲ့ရေခွက်ထဲက ရေခဲရေ တခွက်ကို နှစ်ကျပ်ပေးပြီး သမ္မတရုံမှာ တခါ လှည်းတန်းကားမှတ်တိုင်နားမှာတော့ အကြိမ်ရေများများသောက်ခဲ့ဘူးတယ်။ တချို့ရေခဲရေသည်တွေက သံပုရာသီးစိတ်ကလေးပါ ရေခဲတုံးပေါ်တင်ထားလို့ အနံ့မွှေးမွှေးလေးသောက်ရတယ်။ ရထားပေါ်မှာ ဘတ်စကားဂိတ်နဲ့ ရုပ်ရှင်ရုံပေါက်ဝတွေမှာ အများဆုံးတွေ့ရတယ်။ ရေခဲရေ တခွက် နှစ်ကျပ်နဲ့သောက်နေရာကနေ ဘူးနဲ့ထည့်ထားတဲ့ PMG သောက်ရေသန့်ပေါ်လာတော့ လူတွေမှာ တအံ့တဩဖြစ်ပြီး ဘာများထူးခြားတဲ့ရေမို့လို့တုန်းဆိုပြီး တကူးတကဝယ်သောက်ကြတာတွေလည်းမှတ်မိသေးတယ်။ PH7 ရေသန့်ဘူးဆိုတာလည်း တိုးတက်လာတဲ့ လူ့အဖွဲ့အစည်းရဲ့ပြယုဂ်တခုလိုပါပဲ။ ရေခဲရေဝယ်သောက်ရတာလေးကတော့ အမှတ်တရရှိတဲ့ အတိတ်တွေပေါ့.