26 ပတ် - ဘာသာပြန်ပါ။

ဩစတြေးလျအိုးပင်း တတိယအဆင့် အိုဆာကာ တက်ရောက်
---------------------------
ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းမှာ ယှဉ်ပြိင်ခဲ့တဲ့ ဩစတြေးလျအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်ပွဲစဉ်မှာ ဂျပန်တင်းနစ်မယ် အိုဆာကာ အနိုင်ရပြီး တတိယအဆင့်ကို တက်သွားခဲ့ပါတယ်။ ဒုတိယအဆင့် ပွဲစဉ်အဖြစ် အိုဆာကာနဲ့ ဆီဒင်အဆင့်-၂၀ ရထားတဲ့ ချက်တင်းနစ်မယ် မူချိုဗာတို့ ယှဉ်ပြိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ယူအက်စ် အိုးပင်းပြိုင်ပွဲမှာ ဆုံတွေ့စဉ်က မူချိုဗာကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ အိုဆာကာဟာ အခုပွဲမှာလည်း မူချိုဗာရဲ့ ပထမပွဲလတ်အနိုင်နဲ့ ဦးဆောင်တာကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒုတိယပွဲလတ်နဲ့ တတိယ ပွဲလတ်တွေမှာ အိုဆာကာရဲ့လက်စွမ်းက တိုးတက်ကောင်းမွန်ခဲ့သလို မူချိုဗာကလည်း အမှားအယွင်းတွေ များခဲ့ တာကြောင့် အိုဆာကာအသာစီး ပြန်ရသွားခဲ့တာပါ။

ပွဲကစားချိန် (၂)နာရီနီးပါး အကြိတ်အနယ်ယှဉ်ပြိုင်အပြီးမှာတော့ အိုဆာကာက (၁း၆၊ ၆း၁၊ ၆း၃)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တတိယအဆင့်ကို တက်ရောက်ခွင့် ရသွားခဲ့တာဖြစ်ပါတယ်။ အိုဆာကာအတွက်ကတော့ မနှစ်က ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ပထမအဆင့်ကနေထွက်ခဲ့ရတဲ့ စိတ်ပျက်ဖွယ်ရာရလဒ်ကို အခုနှစ်မှာ ပြန်လည်ချေ ဖျက်နိုင်ခဲ့တာဖြစ်ပြီး တတိယအဆင့်မှာတော့ ဆွစ်ဇာလန် တင်းနစ်မယ် ဘန်ဆစ်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါ တယ်။

image