26 w - Translate

ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ပြည့်ဖြိုးအောင် အသင်းဖြင့် နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဂိုးသမားပြည့်ဖြိုးအောင်တို့ ယခုလ ဇန်နဝါရီ (၁၃) ရက်မှစတင်၍ နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်က တရားဝင် အသိပေးထုတ်ပြန်ထားသည်။

၎င်းအနေဖြင့် ရန်ကုန်အသင်းဖြင့် ယခုဘောလုံးရာသီကုန်သည်အထိ စာချုပ်ချုပ်ဆိုထားသည်ဟု သိရှိထားသော်လည်း ပြိုင်ပွဲကာလအတွင်း ယခုကဲ့သို့ စာချုပ်ဖျက်သိမ်းရခြင်းနှင့်ပတ်သက်၍ အသင်းက ထုတ်ဖော်အသိပေးခြင်းမရှိသေးပေ။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၄ ခုနှစ် ဘောလုံးရာသီအတွက် ရာသီကြိုပြင်ဆင်မှုအဖြစ် ဟံသာဝတီယူနိုက်တက်အသင်းဂိုးသမား ပြည့်ဖြိုးအောင်ကို (၂) စာချုပ်ဖြင့် ခေါ်ယူထားခြင်းလည်းဖြစ်သည်။

အသက် (၃၃)နှစ်ရှိပြီဖြစ်သည့် ဝါရင့်ဂိုးသမား ပြည့်ဖြိုးအောင်သည် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ပေါ် ထွန်းခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ စတင်ကျင်းပချိန်ကတည်းက ဆောက်သမ်းမြန်မာအသင်း၌ ကစားခဲ့သူဖြစ်သည်။

ဆောက်သမ်းမြန်မာအသင်း၌ ကစားခဲ့စဉ်ကာလအတွင်း မြန်မာယူ ၁၇၊ ၁၉၊ ၂၀၊ ၂၃ စသည့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင်လည်း မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းအတွက် ရွေးချယ်ခြင်းခံခဲ့ရသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဆောက်သမ်းမြန်မာအသင်းနှင့် (၁၁) နှစ်ကြာ ကစားခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းသို့ (၃)ကြာ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းသို့ ထပ်မံပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် မြန်မာနေရှင်နယ်လိဂ် ၂၀၂၄-၂၀၂၅ အမှတ်ပေးဘောလုံးပိူသ်ပွဲတွင် (၁၅)ပွဲကစား (၁၀) ပွဲနိုင်၊ (၅)ပွဲ သရေနှင့် (၃၅)မှတ်ရရှိထားပြီး လာမည့် ဇန်နဝါ ရီလ (၁၈)ရက်တွင် ရှမ်းယူနိုက်တက်အသင်းအား အိမ်ကွင်းတွင် လက်ခံယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

image
image
image