26 w - Translate

Myansat DTHရုပ်သံလိုင်းသစ် စတင်ထုတ်လွှင့်

မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် DTHရုပ်သံလိုင်းသစ်ဖြစ်တဲ့ Myansat DTHရုပ်သံလိုင်းသစ်ကို ဇန်နဝါရီ၁၅ရက်မှာ စတင်ထုတ်လွှင့်နေပြီဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အဲ့ဒီရုပ်သံလိုင်းထုတ်လွှင့်မှုဖွင့်လှစ်တဲ့အခမ်းအနားကို ဇန်နဝါရီ၁၅ရက်က နေပြည်တော်မှာရှိတဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Myansat DTHရုပ်သံလိုင်းမှာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ရိုးရာထုံးတမ်းအစဉ်အလာတွေကိုပြသမယ့်အစီအစဉ်တွေ၊ ပြည်တွင်းသတင်းနဲ့ နိုင်ငံတကာဖျော်ဖြေရေးအစီအစဉ်တွေကို အများပြည်သူတွေအတွက်တင်ဆက်ပေးနေတဲ့ ဖျော်ဖြေရေးမီဒီယာတွေနဲ့ပူးပေါင်းတင်ဆက်ထားတဲ့ ရုပ်သံအစီအစဉ်တွေ၊ ရသမျိုးစုံ၊ ဗဟုသုတမျိုးစုံပေးနိုင်မယ့် နိုင်ငံတကာရုပ်သံလိုင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

Myansat DTHမှာ ရုပ်သံလိုင်း၉၈လိုင်းပါဝင်တဲ့ Myansat DTH Package 1 နဲ့ ရုပ်သံလိုင်း ၁၇၆လိုင်းပါဝင်တဲ့ Myansat DTH Package 2ဆိုပြီး Package ၂မျိုးခွဲခြားထားတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ Myansat DTHအရောင်းကိုယ်စားလှယ်တွေခန့်ပြီး ဝန်ဆောင်မှုပေးနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

Borderless Broadcastကုမ္ပဏီလီမိတက်အနေနဲ့ Myansat DTHရုပ်သံလိုင်းထုတ်လွှင့်နိုင်ဖို့အတွက် ၂၀၂၃ခုနှစ် နိုဝင်ဘာလက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနဲ့ သဘောတူစာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

imageimage