မပြောဖြစ်တော့တဲ့ စကားတွေရယ် ။
လက်လျှော့လိုက်ရတော့မဲ့
နှစ်ယောက်တစ်အိမ်မက်တွေရယ် ။
မခေါ်ဖြစ်တော့တဲ့
'မေ' ဆိုတဲ့ နာမ်စားလေးရယ် ။
ထားရစ်ခဲ့လိုက်ရတော့မဲ့
အတူတူရှိခဲ့ဖူးတဲ့ အတိတ်တွေရယ် ။
အရာအားလုံးဟာ နာကျင်စရာ ပကတိ ။
မျက်ဝန်းညိုတွေ
ပါးချိုင့်တွေ ၊ သွားတတ်တွေ ပြီးတော့
အကုန်အစင်ပေးခဲ့ဖူးတဲ့ ချစ်ခြင်းမေတ္တာတွေဟာ
တစ်ခဏလေးအတွင်းမှာ
တိမ်လိုလေလို လွင့်ပြယ်သွားကြတော့မယ် ။
“ အချစ်ဆိုတာ အလကားပါကွာ “ လို့
ဟားတိုက် ရေရွတ်ရင်း
ရင်ဘက်လေးကိုလဲ ဖိထားရသေးတယ်။
#စာရယ်ကဗျာရယ်