26 ပတ် - ဘာသာပြန်ပါ။

Parker ( 2013 )
ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသား Statham ဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်….

လူဆိုး က သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်း ကျ မဖြစ်မချင်း Jason က ငါးခါ ခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်…..

ဒါရိုက်တာကြီးHackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို ရင်ခုန်ကြောင်းဖွင့်ပြောပါတယ်။

Parker ဟာ ထူးဆန်းတဲ့ဇာတ်ကောင်ဖြစ်ပြီး လူ့ခွစာဆန်သူဖြစ်လု့ ၎င်းကို မိမိစိတ်ဝင်စားတာပါလို Hackford က ပြောပါတယ် ။ Parkerကို ဝေဖန်ရေးဆရာ တချိုက ချီးမွမ်းပြီး တချိုက ရှုတ်ချခဲ့ပါတယ်…

Donald Westlake ရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ စာရေးသူအနေနဲ့တော့ Statham ရဲ့ပရိသတ်တွေ ကျေနပ်မှုရစေမယ့် ဖြေဖျော်ရေးအသားပေး လျှိဝှက်သည်းဖို အက်ရှင်ဇာတ်ကားတစ်ကားလိုပဲ မှတ်ချက်ချချင်ပါတယ်….
#movie

image