26 w - Translate

ဖားကန့် စဘော့ကျေးရွာ နွံကန်ပြိုကျမှု သေဆုံးသူ ၂၀ ဝန်းကျင်ရှိလာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စဘော့ကျေးရွာ နွံကန်ပြိုကျမှု ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းအထိ ရုပ်အလောင်း ၂၀ ဝန်းကျင်တွေ့ရှိတယ်လို့ ရှာဖွေကယ်ဆယ်ရေးသမားတွေထံက သိရပါတယ်။
မနေ့က ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရာမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက်ကို အသက်ရှင်လျက် ရှာဖွေ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

image