ယခုရက်ပိုင်း အထူးသတိထားရမယ့် နေ့တနေ့ရဲ့ အအေးဆုံးအချိန်နဲ့ အပူဆုံးအချိန်တွေ
ယခုရက်ပိုင်းမှာ အအေးဆုံးအချိန်နဲ့ အပူဆုံးအချိန်တွေကို သတိထားကြရပါမယ်။ အအေးဆုံးက မနက်စောစော ၂ နာရီလောက်မှ ၇ နာရီလောက်အထိ အအေးဆုံးအချိန်တွေဖြစ်ပြီး အပူဆုံးက နေ့လည် ၁ နာရီလောက်ကနေ ညနေ ၄ နာရီကျော်သည်အထိ အပူဆုံးအချိန်တွေ ဖြစ်နေတတ်ပါတယ်။
ဒီနေ့ (၁၄ ရက်နေ့) အတွက် နမူနာ weather station ၄ ခုက အပူဆုံးနဲ့ အအေးဆုံးအချိန်တွေကို ပုံမှာ ပြပေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ညဦးပိုင်းသိပ်မအေးခင်မှာ အနွေးထည်မပါပဲ အိပ်တတ်ကြတဲ့အတွက် အအေးပိုလာချိန်မှာ မနိုးရင် လေဖြတ်သွားတတ်ပါတယ်။ ပူတဲ့အချိန်တွေမှာတော့ အရိပ်အောက်မှာနေခြင်း၊ ချွေးထွက်မလွန်အောင်နေခြင်းဖြင့် heat stroke ဖြစ်နိုင်မယ့် အန္တ-ရာ-ယ်ကို အသိရှိရှိ ကာကွယ်နိုင်ကြပါလိမ့်မယ်။ အခုအချိန်မှာတော့ လွန်ကဲတဲ့ အပူချိန်မဖြစ်သေးတာကြောင့် စိုးရိမ်စရာတော့ မရှိပါ။
မိုးလေဝသပညာရှင် ဦးဝင်နိုင်
#အအေးဆုံး
#အပူဆုံး
#realnews
