26 w - Translate

ဆစ်ဒနီကမ်းခြေ ၉ ခုတွင် ဘောလုံးပုံ အပျက်အစီးများ ကျဆင်း
--------------------
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာရှိတဲ့ ကမ်းခြေ ၉ ခုမှာ အမည်မသိ ဘောလုံးပုံစံ အပျက်အစီးတွေ ကျဆင်း လာကြောင်း CNN သတင်းမှာ ရေးသားထားပါတယ်။ ကမ်းခြေပေါ်ကို ဘောလုံးအပိုင်းအစတွေလို အဖြူရောင်နဲ့ မီးခိုးရောင် အပျက်အစီးငယ်တွေ မျောပါလာပြီးနောက် လူသိများတဲ့ Manly ကမ်းခြေအပါအဝင် ဆစ်ဒနီရှိ ကမ်းခြေ ၉ ခုမှာ ရေကစားဖို့ တားမြစ်ပိတ်ပင်ထားခဲ့တယ်လို့ အာဏာပိုင်တွေ ပြောပါတယ်။

လက်ရှိမှာတော့ ဘေးကင်းရေးအတွက် အပျက်အစီးအပိုင်းအစတွေကို ဖယ်ရှားဖို့ လုပ်ဆောင်နေတယ်လို့ သိရပါ တယ်။ ဘောလုံးပုံ သဏ္ဌာန်အပျက်အစီး နမူနာအများစုဟာ စကျင်ကျောက်အရွယ်အစားဖြစ်ပြီး အချို့မှာ အရွယ် အစားပိုကြီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လှပတဲ့သဲသောင်ပြင်တွေ၊ သန့်ရှင်းတဲ့ ရေပြာပြာလေးတွေနဲ့ ဆစ်ဒနီ သမုဒ္ဒရာ ကမ်းခြေတွေဟာ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နေတာပါ။ ဒါပေမဲ့ လက်ရှိမှာ ဘောလုံးပုံစံ အပျက်အစီး အပိုင်းအစတွေ ကျလာတာ ကြောင့် ခရီးသွားတွေအတွက် အန္တရာယ်ဖြစ်မှာကို စိုးရိမ်တာကြောင့် အခုလို ယာယီပိတ်ထားရတာဖြစ်ပါတယ်။

image
image
image
image