မလိုသူတွေများတယ် ။
ကိုယ့်လက်သန်းလေးကို သံသရာ တစ်ခုစာ
ခပ်တင်းတင်း ချိတ်ဆွဲထားပါ ။
အန္တရာယ်တွေများတယ် ။
ကိုယ့်အင်္ကျီစလေးကို
သံသယ ကင်းကင်းဖမ်းဆုတ်ထားပါ ။
ဆူး ခလုတ်တွေများတယ် ။
ကိုယ့်ခြေဖမိုးတွေအပေါ်မှာ
မင်းခြေဖဝါးလေးတွေမြဲမြဲ ဖိကပ်ထားပါ ။
အချစ်ကလေးရေ
မာယာတွေများထဲ ဒီလောကကြီးထဲ
ကိုယ့်ပခုံးတွေပေါ်မှာ အနှောင်အဖွဲ့ကင်းကင်းနဲ့
ခိုနားနေပါ ။
#စာရယ်ကဗျာရယ်
#အချစ်ကလေးရေ