မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အာလ်ဘီလိုက်ပ်ဇစ်အသင်းတိုက်စစ်ကစားသမား နေနေး ဒွန်လ်ဂေလက်စ်ကိုခေါ်ယူဖို့စီစဉ်နေတယ်လို့ အီတလီနာမည်ကြီးဘောလုံးသတင်းထောက်ဖာဘရေစီယိုရိုမာနိုကသတင်းဖော်ပြခဲ့ပါတယ်။
လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသက် ၂၂ နှစ်အရွယ်တိုက်စစ်ကစားသမား နေနေးဒွန်လ်ဂေလက်စ်ရဲ့အနေအထားကိုစောင့်ကြည့်နေပြီး ကနဦးဆွေးနွေးမှုတွေစတင်နေပြီလို့ ဖာဘရေစီယိုရိုမာနိုကဖွင့်ဟခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီဆောင်းရာသီကာလစျေးကွက်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့အန်တိုနီတို့ကိုဆုံးရှုံးရဖို့ရှိနေပြီး သရဲနီအသင်းကလည်း နေနေးဒွန်ဂေလက်စ်ကိုအသင်းဆီခေါ်ယူဖို့ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
နေနေးဒွန်ဂေလက်စ်ဟာ ဒီရာသီအာလ်ဘီလိုက်ပ်ဇစ်အသင်းနဲ့ပြိုင်ပွဲစုံ ၂၇ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၆ ဂိုးသွင်း ၆ ဂိုးဖန်တီးထားခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့ဘယ်တောင်ပံတိုက်စစ်နေရာမှာအဓိကကစားတာဖြစ်ပါတယ်။
သူဟာ ဘောလုံးပေးပို့နိုင်ပြီး ဘောလုံးပေးပို့မှုအရမ်းကောင်းတဲ့သူလည်းဖြစ်ကာ ခံစစ်ပိုင်းကိုကူညီပေးနိုင်တာနဲ့အတူ ဘောလုံးကိုကောင်းကောင်းထိန်းချုပ်ကစားနိုင်ပါတယ်။သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အဆိုပါကစားသမားကိုအသင်းဆီလက်မှတ်ထိုးခေါ်ယူချင်နေတာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
