ပေါင်မုန့် ချိစ် ကြက်သားကပ်ကြော်(Cheese Croisser)
ပေါင်မုန့် ၄ချပ်
ချိစ် ၂ချပ်
ထောပတ် လိုသလောက်
ကြက်သား ၅ကျပ်သား
ဆား အနည်းငယ်
သကြား ၁ဇွန်း
ကွကျဥ ၂လုံး
ပေါင်မုန့်ခြောက် အနည်းငယ်(လိုသလောက်)
ကြက်သွန်မိတ် ။
မုန်လာဥနီ ။
-ပေါင်မုန့်မှာ ဘေးသား ပါ ပါကလှီးထုတ်ပါ။
-ကြက်ဥကိုသကြားဆားအနည်းငယ်ထည့်ပြီးခလောက်ထား
ပါ။
-ကြက်သားကို နုတ်နုတ်စင်းပြီး ဆီ အနည်းငယ်ဆားသကြား ငရုတ်ကောင်း ထည့်၍ ၄မိနစ်ခန့် ကြော်ထားပါ။
-ပေါင်မုန့်ကို ထောပတ်သုတ်ပါ။ချိစ် ထည့်ပါ၊ကြော်ထားသော ကြက်သာထည့်ပါ၊ကြက်သွန်မိတ်မုန်လာဥနီထည့်ပါ၊ထော
ပတ်သုတ်ထားသော ပေါင်မုန့်တစ်ချပ် ပြန်အုပ်ပြီး လေးစိတ် စိတ်ပါ။လက်ဖြင့်အနည်းငယ်ဖိပြီးကပ်အောင်လုပ်ပါ။ခလောက်ထားသော ကြက်ဥထဲနှစ်ပါ။ပေါင်မုန့်ခြောက်ကပ်ပြီး ဆီပူပူမှာ ထည့်၍ ရွှေဝါရောင် သန်းလာလျှင်ချပြီး ဆီစစ်ထားပါ။
ကြိုက်နှစ်သက်လျှင် mayonnaiseဖြင့် သုံးဆောင်နိုင်ပါသည်။
#မြိန်မြိန်
