အောင်မင်္ဂလာအဝေးပြေးဂိတ်၌ ကုန်စည်များကို ဖောက်စစ်ဆေး၊ အီလက်ထရောနစ်ပစ္စည်းများ တန်ဆာခ ဈေးကြီး
ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးဂိတ်မှာ ပါကင်ပိတ် နယ်ပို့ပစ္စည်းတွေကို လုံခြုံရေး အကြောင်းပြပြီး ကားဂိတ်ဝန်ထမ်းတွေက ဖွင့်ဖောက်စစ်နေတဲ့အပြင် အီလက်ထရောနစ် ပစ္စည်းတွေအတွက် တန်ဆာခကိုလည်း ၃ ဆလောက် ဈေးကြီးပေးနေရတယ်လို့ ကုန်ပို့နေသူတွေက ပြောပါတယ်။
