ဘဝမှာ ဘယ်လောက်အထီးကျန်ဆန်ဆန်နေခဲ့ရသလဲဆိုရင်လေ
ညတွေမှာ လန့်ပြီး တစ်ရေးနိုးတဲ့အခါတစ်ယောက်ယောက်ရှိနေမလား
ဆိုတဲ့အတွေး နဲ့ အားကိုးတစ်ကြီး ဘေးနားကိုလိုက်စမ်းနေမိတာမျိုး ….
ကြောက်လန့်ပြီးပြန်အိပ်လို့မရတော့တဲ့နေ့တွေဆို
တရားသံ ကို အဖော်ပြုနေရတာမျိုး ….
နေမကောင်းတဲ့နေ့တွေဆို နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဲဘူး
နောက်တစ်နေ့ပြန်မနိုးလာမှာစိုးလို့ ..
တစ်ယောက်ထဲဆိုတဲ့နေ့တွေမှာမှီထားလို့ရမဲ့ ၊ ကျွန်တော့် အနားက
ဘယ်တော့မှထွက်မသွားမဲ့သူတစ်ယောက်ကို
လူတိုင်းတကယ်လိုအပ်တယ် …
#စာရယ်ကဗျာရယ်