တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် ၂၆ ဦးကို စိစစ်ပြီး ၉ ဦးအား အမှုဖွင့်၊ ၆ ဦးကို တရားစွဲဆို တင်ပို့

ဇန်နဝါရီ ၁၅


မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် ၂၆ ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူပုဂ္ဂိုလ် ၉ ဦးအား အမှုဖွင့် အရေးယူထားပြီးဖြစ်သကဲ့သို့ ၆ ဦးအား တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ တရားစွဲဆိုတင်ပို့ထားပြီး ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image