15 w - Translate

အခုတလော တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာတွေမှာ ဒီဇိုင်းအဆန်းနဲ့ တိုက်လေယာဉ်တစ်စီး စမ်းသတ်ပျံသန်းနေကြတာကို လူအတော်အတော်များက တွေ့မြင်ခဲ့ကြပြီးတော့
ကမ္ဘာ့သတင်းမီဒီယာတွေကလည် ပြန်လည်ဖော်ပြခဲ့ကြပါတယ် ။

ဒီလေယာဉ်ဟာ တရုတ်နိုင်ငံရဲ့ ၆ခုမြောက်မျိုးဆက် Supersonic တိုက်လေယာဉ်ဖြစ်ပြီးတော့
White Emperor လို့ နာမည်ပေးထားပါတယ် ။

ဒီတိုက်လေယာဉ်ကို ပြီးခဲ့လက တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Zhuhai လေကြောင်းနဲ့
အာကာသဆိုင်ရာ လက်နက်ပစ္စည်းတွေပြပွဲမှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး
အခုစမ်းသတ်ပျံသန်း အသုံးပြုနေကြောင်း အတည်ပြုလို့ရပါပီ ။

ဒီတိုက်လေယာဉ်ကို ကမ္ဘာမြေပြင်အထက် မီတာ ၂သောင်းခွဲကျော်အမြင့်
သာမန်တိုက်လေယာဉ်တွေ မရောက်နိုင်တဲ့ ဝေဟင်တိုက်ပွဲတွေမှာ
အသုံးပြုဖို့ ရည်ရွယ်တည်ဆောက်ထားတယ်လို့လဲ သိရပါတယ် ။

နောက်ဆုံးပေါ်နည်းပညာတွေထည့်သွင်းတည်ဆောက်ထားပြီးတော့ ရေဒါတွေဖမ်းလို့မမိ
နိုင်အောင် ရှောင်ကွင်းသွားနိုင်တဲ့ စနစ်တွေပါဝင်တယ်လို့သိရပါတယ် ။

ဈေးနှုန်းနဲ့ကုန်ကျစရိတ်တွေအပြင် ဘယ်အချိန်မှာတရုတ်တပ်တော်ဝင်ပြီးအသုံးပြုမလဲ အစရှိတဲ့
အခြားအသေးစိတ်အချက်အလက်တွေကို တရုတ်နိုင်ငံအစိုးရက ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး ။

image