♐️SAGITTARIUS♐️
💫This is a general reading
အချစ်ရေး/လူမှုရေး/အိမ်ထောင်ရေးမှာ အချစ်ရေးမှာ မျှမျှတတနဲ့ နှစ်ဦးနှစ်ဖက် အပေးအယူမျှအောင် ဘယ်လိုချစ်ရမလဲဆိုတာ သိလာမယ့် နှစ်တနှစ် ဖြစ်တယ်၊ ချစ်ပုံ ချစ်နည်း မှန်လာမယ်ပြောလို့ရတယ်၊ ကိုယ်တိုင်ကလဲ ပိုချစ်လာတတ်သလို ကိုယ့်ကိုလဲ ချစ်တဲ့သူ ခင်တဲ့သူ များလာမယ်၊ ကိုယ်က အချစ်ရေးမှာ အရင်က ပုံစံကနေ ပိုရင့်ကျက်တဲ့ ကောင်းမွန်တဲ့ ပုံစံတခုကို တဆစ်ချိုးပြောင်းလာတတ်တယ်၊ ကိုယ့်အတွက်ကိုယ်လဲ အချိန်ပိုပေးဖြစ်လာမယ်၊ ကိုယ် ချစ်ရတဲ့သူနဲ့ ကိုယ်နဲ့ကြားမှာလဲ ကောင်းသော အလှည့်အပြောင်းလေးတွေ ဖြစ်လာတတ်တယ်၊ တခုလေးရှိတာက ဒီကာလထဲ ကိုယ် ပြုသမျှသည် နောင်တချိန်မှာ ကိုယ့် ဘဝ အတွက် အကျိုး ဖြစ်စေမှာ ဖြစ်တဲ့အတွက် တတ်နိုင်သလောက် အချစ်ရေးမှာ ရိုးသားပါ၊ စစ်မှန်ပါ၊ ဒီအချိန်မှာ ကောင်းခြင်း မကောင်းခြင်းပေါ် မူတည်ပြီး နောင်တချိန် အကျိုးအပြစ်များ ပြန်ရတတ်ပါတယ်
အလုပ်အကိုင်နဲ့ ငွေကြေးမှာ နိုင်ငံရပ်ခြား အလုပ်ကံ ကောင်းမွန်တဲ့ နှစ်တနှစ်ဖြစ်ပါတယ်၊ ကိုယ် မျှော်လင့်စောင့်စားနေတဲ့ အရာတွေ ရလာဖြစ်လာတတ်တယ်၊ ကိုယ့်အတွက် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးလေးပဲ လုပ်ကိုင်ရင်း ဖြတ်သန်းဖြစ်မယ်၊ ပိုပြီး ရင့်ကျက်တဲ့ ဆုံးဖြတ်ချက်တွေ ချရတတ်တယ်၊ လုပ်ငန်းခွင်ထဲမှာတော့ ကိုယ် အောင်မြင်လေ မနာလိုခံရလေ ဖြစ်တတ်ပါတယ်
ပညာရေးမှာ ပိုထူးချွန်လာမယ်၊ ပို နှံ့နှံ့စပ်စပ် သိလာမယ်၊ ကိုယ့်အတွက် စာပေတော်တော်များများ လေ့လာဖြစ်ပြီး ပညာရပ် တော်တော်များများ သင်ကြားဖြစ်မယ်၊ ပညာရပ် တခုကနေ တခု / ကျောင်းတကျောင်းကနေ တကျောင်း အပြောင်းအရွှေ့လေးတွေလဲ ရှိတတ်ပါတယ်
ကျန်းမာရေးမှာ ခါးနာ ကျောနာ ဝေဒနာလေးတွေ ဂရုစိုက်ပါ၊ လုပ်ငန်းခွင် အန္တရယ် ဂရုစိုက်ပါ
Guidance from Universe
1. ကိုယ့် ဘဝ အတွက် တချို့အရာတွေက အောင်မြင်ဖို့ အချိန်တခု ယူရပါတယ်၊ အဲ့ဒါကြောင့် ရသမျှ အချိန်မှာ စပြီး ကြိုးစားပါ
2. ကိုယ့်ဘဝ အတွက် တချို့အရာတွေမှာ အောင်မြင်နိုင်ဖို့ သတ္တိလိုပါတယ်၊ ကိုယ့်ရဲ့ တိမ်မြှုပ်နေတဲ့ သတ္တိတွေကို နှိုးဆွပါ
3. တချို့အရာတွေမှာ ကိုယ့်ဘက်က အတင်း လိုက်ကြိုးစားနေလဲ ဘယ်လိုဖြစ်ဖြစ် မရလာတာမျိုးရှိခဲ့ရင် အကောင်းဆုံး ကြိုးစားပြီး မရလာရင် လက်လွှတ်ပါ၊ Universe က ကိုယ့်အတွက် စစ်မှန်တဲ့ အရာကို စီစဉ်ပေးပါလိမ့်မယ်
Lucky numbers: 2,6,19
#2025newyear
#tarot
#sagittarius
