16 ပတ် - ဘာသာပြန်ပါ။

ရခိုင်ငရုတ်သီးထောင်း
*******************

ငရုတ်သီး........၅ကျပ်သားခန့်
ကြက်သွန်နီ...............၁လုံး
ကြက်သွန်ဖြူ............. ၅တက်
ငါးပိ............................ဇွန်းဝက်ခန့်
သံပုရာသီး..................၂လုံး
ပုစွန်ခြောက်အနည်းငယ်
ငရုတ်သီးတွေကိုအညှာခြွေ၊ရေဆေး၊ရေစစ်ထားပါ။Nanကတော့ငရုတ်သီးစိမ်းကိုဒယ်အိုးနှဲုလှော်ပါတယ်
ငပိလေးကိုလည်းကင်ထားပါတယ်နော်
ကြက်သွန်ဖြူ နှင့်ကြက်သွန်နီကိုထောင်းရ
လွယ်အောင်ခပ်ကြမ်းကြမ်းလှီးထားပါ။

ငရုတ်ဆုံထဲသို့ငရုတ်သီးစိမ်း၊ကြက်သွန်နီ၊ဖြူ ၊
ငါးပိတို့ကိုရောထည့်ပြီးဆား၊ဟင်းခတ်မှုန့်/ပုစွန်ခြောက်
ထည့်ကာခပ်ကြမ်းကြမ်းထောင်းပါ။
သံပုရာရည်ညှစ်ချပြီးရောမွှေပေးပါ။
#မြိန်မြိန်
#crd

image