16 ပတ် - ဘာသာပြန်ပါ။

🌼သံပရာသီးနဲ့ကြက်သွန်ဖြူအစွမ်း🌼

သစ်ခွပင်တေပန်းပွင့်ဖို့ အတက်သစ်ထွက်လာဖို့ အတွက် ကြက်သွန်ဖြူကိုအသူံးပြုလို့ရတယ်လို့ ပြောရင်လူအများကအံဩကြပါလိမ့်မယ် ဒါပေမဲ့ တကယ်ကို အစွမ်းထက်တဲ့နည်းလမ်းလေးကိုပြောပြပေးသွားပါမယ်

1.ကြက်သွန်ဖြူနဲ့အပင်‌ ခြေ ကိုပွတ်ပေးခြင်း ဒီနည်းလေးကတော့ အပင်အိုနေတဲ့သစ်ခွတေနဲ့ အတက်သစ်ထွက်ဖို့ အားနည်နေတဲ့အပင်တေမှာအသုံးပြုပေးလို့ရပါတယ် ကြက်ဖြူကိုလှီးပြီး အပင်ရဲ့ အရင်းပိုင်းတေ ကိုအဓိကထားပီး ကြက်သွန်ဖြူနဲ့ပွတ်ပေးရပါမယ် ကြက်သွန်ဖြူကိုလှီးပီးလဲတချို့ကအိုးထဲထည့်ကြပါတယ်

2. ကြက်သွန်ဖြူရေစိမ်ခြင်း🍀 ကြက်သွန်ဖြူတစ်လုံးကိုပါးပါးလှီးပါ ပြီးရင်တော့ ရေတညစိမ်ထားပါ ရလာတဲ့ရေကို သစ်ခွပင်တေကိုစိမ်ပေးခြင်းဖြင့် အမြစ်ထွက်အားနည်း နေတဲ့အပင်တွေ အမြစ်သစ်တွေ ထွက်လာပါလိမ်မယ် 2ပတ်တစ်ကြိမ်လုပ်ပေးနိုင်ပါတယ်

3.သံပရာရေကတော့ သစ်ခွအရွက်လေးတွေ ကျန်းမာရေးကိုများစွာအထောက်ကူပြုပြုပြီး အပွင့်အရည်သွေးကိုလဲ ကောင်းမွန်စေပါတယ် သံပရာရေကို သစ်ခွအရွက်လေးတွေ ကိုဖျန်းပေးနိုင်ပါတယ်သစ်ခွပင်လေးတေ အမြစ်ပုတ်ခြင်းက‌ နေလဲ သံပရာရေကကာကွယ်ပေးပါတယ်

ဒီနည်းလမ်းလေး တွေက အိမ်မှာရှိတဲ့ပစ္စည်းလေးတေနဲ့အလွယ်တကူလိုက်လုပ်လို့ရတာမို့လိုက်လုပ်ကြည့်ဖို့မမေ့နဲ့နော်

#crd_photo

image