တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကစားသမားမားကပ်စ်ရက်ရှ်ဖို့ဒ်ကိုအသင်းဆီအငှားခေါ်ယူဖို့စိတ်ဝင်စားနေကြောင်း သတင်းတွေကဖော်ပြပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်ကစားသမားမားကပ်စ်ရက်ရှ်ဖို့ဒ်ကိုအသင်းဆီခေါ်ယူဖို့စိတ်ဝင်စားမှုရှိနေပြီး စပါးအသင်းအနေနဲ့ အဆိုပါကစားသမားကိုခေါ်ယူဖို့အတွက်စကားပြောဆိုမှုတွေရှိခဲ့တယ်လို့ The Independent သတင်းကဖော်ပြခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ်မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ကောလဟာလသတင်းတွေထွက်ပေါ်နေပြီး နည်းပြအာမိုရင်အနေနဲ့လည်း အဆိုပါကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ငါတို့မြင်တွေ့ရပါလိမ့်မယ်လို့ပြောဆိုခဲ့ပြီးနောက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းအတွက်နောက်ဆုံးပွဲစဉ်အဖြစ်ဝင်ရောက်ကစားရဖို့ရှိတယ်လို့သတင်းတွေထွက်ပေါ်စေခဲ့ပါတယ်။
ဒါပေမဲ့လည်း ပရီးမီးယားလိဂ်ကလပ်အသင်းအနေနဲ့မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုစိတ်ဝင်စားမှုသိပ်မရှိဘဲ ဒီမတိုင်ခင်ကာလတုန်းကလည်း ဝက်စ်ဟမ်းအသင်းအနေနဲ့မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုစိတ်ဝင်စားမှုရှိခဲ့တာဖြစ်ပါတယ်။စပါးအသင်းဟာ အဆိုပါကစားသမားကိုခေါ်ယူဖို့စဉ်းစားသုံးသပ်နေတဲ့နောက်ထပ်ကလပ်အသင်းဖြစ်ပြီးတရားဝင်မဟုတ်သေးတဲ့ပြောဆိုဆွေးနွေးမှုတွေရှိနေပါတယ်။
အဆိုပါကစားသမားရဲ့လုပ်ခလစာကြောင့် မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုအငှားခေါ်ယူဖို့ဆိုတာက ဖြစ်ပေါ်လာလိမ့်မှာမဟုတ်ဘဲ လက်ရှိမှာတော့ရက်ရှ်ဖို့ဒ်အနေနဲ့ အဂ်လန်ပြင်ပကလပ်အသင်းတွေဆီကိုသာပြောင်းရွှေ့ကစားဖို့စိတ်ဝင်စားဖို့ရှိတယ်လို့ယုံကြည်ရပါတယ်။
#ဘောလုံးသတင်းစုံ
