#ထုံကျင်နာ
မကြာခဏ လက်ကျင်ထုံ ရခြင်းက ရောဂါလက္ခဏာ၇မျိုးကိုဖေါ်ပြပါတယ် ။
များသောအားဖြင့်လူတော်တော်များများက လက်ကျင်ထုံ နာရင်ခဏအနား ယုလိုက်ရင်ပျောက်သွားမယ်လို့ထင်နေတာ ..ဒါပေမယ့် လက်ကျင်ထုံခြင်းက တခြားရောဂါဖြစ်ပွားနေတာကိုဖေါ်ပြတာမို့သတိထားသင့်ပါတယ် ။
(၁) လည်ပင်းကျောရိုးအဆစ်ရောဂါကြောင့်လက် ထုံကျင်ခြင်း လည်ပင်းကျောရိုးအဆစ်ရောဂါလက္ခဏအမျိုးမျိုးရှိပါတယ်။ လက်ချောင်းလေးတွေထုံကျင်တာလည်းပါဝင်ပါတယ် ။ ဓာတ်မှန်ရိုက်ခြင်းဖြင့်ရောဂါကိုသိနိင်ပြီး နှိပ်နယ်ခြင်း၊ အပုဓာတ်ရောင်ခြည်တို့ဖြင့်ကုသခြင်း၊ ဖြည်းနှေးသောလည်ပင်းလေ့ကျင့်ခန်းကိုလုပ်ခြင်း။ အိပ်တဲ့အခါ ခေါင်းအုံးအနိမ့်အမြင့်ကိုသင့်လျော်စွာထားပါ ။ 7~9cmမြင့်ရင်ရပါတယ် ။ခေါင်းအုံးအမာ အပျော့ အပြင် အိပ်တဲ့အနေအထားကလည်းအရေးကြီးပါတယ် ။သွေးကြောနဲ့အာရုံကြောများကိုပိ (ဖိ)မသွားစေဖို့ရှောင်ကြဉ်ပါ ။
(၂) ဆီးချိုရောဂါကြောင့်လက်ထုံကျင်နိင်ဖွယ်ရှိခြင်း ဆီးချိုကြောင့် အနီးတဝိုက်မှာရှိတဲ့အာရုံကြောများပြောင်းလဲတာမို့ လက်များထုံကျင်တတ်ပါတယ် ။ နှိပ်နယ် ခြင်း ၊အပုဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း ။ သွေးချိုကိုပုံမှန်အထိထိန်းသိမ်းထားပါ ။ဗီတာမင်B1,B6 ,VitCတို့ကိုလည်းဖြည့်ပေးပါ ။
(၃) အနားစွန်းအာရုံကြောရောင်နေခြင်းကြောင့်လက်ထုံခြင်း အသက်အိုမင်းသူများနှင့်အစာအိမ်အလုပ်လုပ်တာမကောင်းသောဝေဒနာရှင်များ၊ဗီတာမင်ဘီ လျော့နည်းပြီးအနားစွန်းအာရုံကြောရောင်ခြင်းကြောင့်လက်ထုံခြင်းဖြစ်ပါတယ် ။ အိပ်နေအိပ်ထားပုံမမှန်ရင်လည်ပင်း၊လက်မောင်းပိ (ဖိ)နေသောကြောင့် လက်ချောင်းများထုံကျင်တာပါ ။
(၄) ခဏတဖြုတ်ဦးနှာက်တွင်သွေးလိုအပ်ခြင်းကြောင့်လက်ကျင်ခြင်း အသက်ရွှယ်ကြီးသူများတွင် သွေးတိုးနှင့်၊သွေးအဆီမြင့် ဖြစ်တာများပါတယ် ။ သွေးတိုးကြောင့် အကြောဆွဲခြင်း ။သွေးအဆီမြင့်မှုကြောင့်သွေးပျစ်ခဲနှောက်ခြင်း၊ညဖက်တွင်သွေးလည်ပတ်နှေးခြင်း အစရှိသောအကြောင်းကြောင်းကြောင့်ဦးနှောက်တွင်သွေးလိုအပ်တာမို့လက်ထုံကျင်ခြင်း ဖြစ်ပါတယ် ။
(၅) နာတာရှည်အရက်အဆိပ်မိခြင်းကြောင့်လက်ထုံကျင်ခြင်း အမြဲအရက်သောက်သူများကလက်ဝါးတွင်ထုံကျင်လျှင် နာတာရှည်အရက်အဆိပ်မိသူဖြစ်ပါတယ် ။အရက်မဖြတ်လျှင်အခြားခန္ဓာကိုယ်အစိတ်အပိုင်းလှုပ်ရှားမှုတွေကိုပာန့်တားပျက်စီးစေပါ တယ် ။ နာတာရှည်အစာအိမ်လမ်းကြောင်းရောဂါနှင့်ပြည်တည်တတ်ခြင်း ။အရက်အဆိပ်မိတာကြောင့်နှလုံးကြွက်သားရောင်ခြင်း ။ အသည်းရွှတ်ရောဂါနှင့်အဆီအသည်းရောဂါ ( fatty liver) ၊ အလည်ပိုင်းအာရုံကြောပြောင်းလဲခြင်း(သို့) ဦးနှောက်သိမ်သွားခြင်းတို့ဖြစ်လာပါတယ် ။
(၆) လေဖြတ်ခြင်း လေဖြတ်သူများတွင်လက်ထုံကျင်တာကိုအများဆုံးတွေ့ရပါတယ် ။ လေဖြတ်ခြင်းမှကာကွယ်ရန်မှာ အစားအသောက် အနေအထိုင်အလေ့အထကိုပြင်ရမှာဖြစ်ပါတယ် ။ မကြာခဏ ခေါင်းမှုး ခေါင်းကိုက် ၊ခေါင်းလေးပြီးခြေထောက်ပျော့နေတတ်ခြင်း ။ ခြေလက်ထုံကျင်ခြင်း ။လျှာလေးနေတတ်ခြင်း ။ သွေးတိုးရှိခြင်း ။သွေးအဆီတက်ခြင်း ။ဆီးချိုရောဂါ၊ဦးနှောက်သွေးပြန်ကြောများမာနေသူများ အထုးသတိပြုပါ ။ လေဖြတ်တတ်ပါတယ် ။
(၇) သွေးဆုံးချိန် ရောဂါလက္ခဏာစုများ သွေးဆုံးချိန်ရောက်ခါနီးအမျိုးသမီးများ တစ်ခါတလေလက်ထုံကျင်တတ်ပါတယ် ။ဒါပေမယ့်သိသိသာသာကြီးတော့မပာုတ်ပါ ။ သွေးဆုံးချိန်ရောက်တာနဲ့လက်ထုံကျင်တာပျောက်သွားပါတယ် ။ လက်ထုံကျင်တဲ့ရောဂါကိုသေချာသိရအောင် ဓာတ်မှန်ရိုက်ခြင်း ။ EME နှင့်အခြားစစ်ဆေးနည်းဖြင့်သေချာစစ်ဆေးပါ ။ရောဂါသိရင်ချက်ချင်းကုသပါကပြန်လည်ကောင်းမွန်တာလွယ်ကုပါတယ် ။ လက်များသေးသိမ်ချည့်လာတာပိုထင်ရှားလာပါက ခွဲစိတ်ကုသလို့ရပါတယ် ။crd
ထုံကျဥ်ခြင်း ဝေဒနာ ကို ၁ပတ်အတွင်း သက်သာ ချင်ပါက ကျန်မာရေးဆားဖြင့် ရေချိုးချိန်တိုင်း ပွတ်တိုက်ပေးပီး
ညဘက်အိပ်ယာဝင်ကို ကျန်းမာရေးဆား ဖြင့် ခြေရေစိမ်ပေးပါ

image