2 နှစ်များ - ဘာသာပြန်ပါ။

Sword Art Online the Movie – Progressive – Scherzo of Deep Night (2022)

Sword Art Online: Progressive ဇာတ်လမ်းတွဲတွေထဲက ပထမတွဲမှာပါတဲ့အခန်းတစ်ခုကို ပုံဖော်ထားတဲ့ အန်နီမဲရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။

၂၀၂၂ နှစ်ကုန်ခါနီးအချိန် ALSနဲ့ DKBဆိုပြီး ဂိမ်းကစားသမားတချိုပါဝင်ပေါင်းစည်းထားတဲ့ ဂိုဏ်းနှစ်ခု ဦးဆောင်နေတဲ့အချိန် ဂိုဏ်းနှစ်ခုကြား အာဏာလုမှုကလည်း ပြင်းထန်နေပါတယ်။ ဂိုဏ်းခေါင်းဆောင်နှစ်ယောက်က ရန်သူတော်ကြီးကိုရှင်းလင်းပြီး အနိုင်ယူဖို အပြင်းအထန်ပြိုင်ဆိုင်နေကြပါတယ်။
အာဆူနာဆိုတဲ့ကောင်မလေးကတော့ သူငယ်ချင်းဖြစ်သူကြောင့် ဂိမ်းထဲမှာပိတ်မိနေတဲ့ကောင်မလေး။ ဒီဂိမ်းမှာ သေဆုံးသွားခဲ့ရင် အပြင်လောကမှာလည်းသေဆုံးသွားမှာဖြစ်လို အသက်ရှင်သန်ဖိုအရေး ရုန်းကန်နေရပါတယ်။ နှစ်သစ်ကူးအကြိုညအတွက် ပါတီလုပ်ဖို ဂိုဏ်းကြီးနှစ်ဂိုဏ်းပူးပေါင်းထားကြပေမဲ့ ပါတီညမှာ ရန်သူတော်ကြီးကို အဖွဲတစ်ခုက သွားရှင်းဖိုကြံထားတာကို အာဆူနာ မတော်တဆကြားသွားခဲ့ရာကစ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ စစ်မက်မဖြစ်ပွဲရေးအတွက် သူငယ်ချင်းတွေအကူညီရယူပြီးတားစီးဖို့ကြိုးစားပုံတွေကိုစိတ်လှုပ်ရှားမှုအပြည့်နဲ့ကည့်ရမှာဖြစ်ပါတယ်

image