ဝက်သားပေါင်းဆီချက်ခေါက်ဆွဲလေး
သုံးပွဲစာအတွက်
ဆီချက်ခေါက်ဆွဲ ကိုကြက်သားနဲ့စားရတာရိုးသွားရင်ဒီလိုလေးလုပ်စားကြည့်ပါဗျ
ကြယ်ဖြူခေါက်ဆွဲတထုက်ကိုမပျော့မမာလေးပြုတ်ပြီးရေစစ်ထားပါ
(ဘယ်ခေါက်ဆွဲသုံးသုံးရပါတယ်ဒီမှာအလွယ်တကူရတာလေးမို့ပါ)
ကြက်သွန်ဖြူ တလုံးနုတ်နုတ်စင်းပြီးဆီချက်ထားပါဆနွင်းမုန့်မထည့်ပါနဲ့
ဝက်သားပေါင်းဖို့အတွက် ဝက်သား350g(နှစ်ဆယ်သားကျော်)ကိုနှစ်ပိုင်းလောက်ပဲပိုင်းပြီးရေဆေးသန့်စင်ထားပါ
နံနံပင်အမြစ်သုံးခု ငရုပ်ကောင်းနည်းနည်း ကြက်သွန်ဖြူ ငါးမွာလောက်ထောင်းပြီးဝက်သားထဲထည့်ပါ သကြားထမင်းစားဇွန်းတဝက် ဆားအနည်းငယ် ပဲငံပြာရည်အကြည်နှစ်ဇွန်း၊ခရုဆီနှစ်ဇွန်း၊ပဲငံပြာရည်အနောက်ဇွန်းတဝက်ကြက်သားမုန့်နည်းနည်းထည့်ပြီးဝက်သားကိုနယ်ပေးပြီးအနည်းဆုံးမိနှစ်နှစ်ဆယ်ထားလိုက်ပါ
ပြီးရင်အိုးတလုံးထဲဆီအနည်းငယ်ထည့်ပြီးပူအောင်တည်ပါဂျင်းလက်တဆစ်လောက်ပါးပါးလှီးဆီပူအိုး
ထဲထည့်ကြော်ပါဂျင်းနံလေးမွှေးလာရင်အရသာနယ်ထားတဲ့ဝက်သားအတုံးကြီးတွေကိုထည့်ပါဝက်သားကိုတင်းတင်းလေးဖြစ်အောင်ဟိုဘက်လည့်ဒီဘက်ဘက်လည့်ပြီးဆယ်မိနစ်လောက်ကြော်ပေးပါပြီးရင် ရေတလီတာမပြည်တပြည့်လောက်ထည့်ပြီးမီးအနေတော်လေးလည်းတနာရီလောက်ပေါင်းထားလိုက်ပါ တနာရီလောက်ကြာရင်ဝက်သားပေါင်းလေးက အရည်နည်းနည်းလေးနဲ့မွေးပြီးနူးနေပါပြီ
ပွဲပြင်ရန်အတွက်ပြုတ်ထားတဲ့ခေါက်ဆွဲတစည်းစာကိုသကြားဇွန်းတဝက် ပဲငံပြာရည်အကြည်နှစ်ဇွန်းကြက်သားမုန့်ဇွန်းတဝက်ဆီချက်သုံးဇွန်းလောက်ထည့်ပါ ပြီးရင်ဝက်သားပေါင်းထားတဲ့အရည်နည်းနည်းပါထည့်နယ်ပါ ပြီးရင်အရာသာလေးမြည်းပြီးပေါင်းထားတဲ့ဝက်သားလေးတွေအနေတော်လေးလှီးထည်ကြက်သွန်မြိတ်လေးဖြူးပြီးရပါပြီဗျ။
#မြိန်မြိန်
