နိုင်ငံတကာသတင်းများ
၁။လွှတ်တော်ကပြစ်တင်ရှုချထားသောရာထူးမှဆိုင်းငံ့ထားသည့်တောင်ကိုးရီးယားသမ္မတ၏အမှုကိုဖွဲစည်းပုံအခြေခံဥပဒေခုံရုံးကယနေ့စတင်ကြားနာသော်လည်းစွပ်စွဲခံရသူသမ္မတမတက်ရောက်သဖြင့်ကြာသပတေးနေ့တွင်ကြားနာရန်ရွှေ့ဆိုင်းလိုက်သည်။
၂။အမေရိကန်သည်၂၀၂၂ခုနှစ်ကနော့သ်စထရင်းရေအောက်ဓါတ်ငွေ့ပိုက်လိုင်းဖောက်ခွဲရန်ယူကရိန်းကိုခိုင်းစေခဲ့ပြီးယခုတူရကီသိုပိုနေသည့်ရေနံပိုက်လိုင်းစက်ရုံကိုတိုက်ခိုက်ရန်ယူကရိန်းကိုမီးစိမ်းပြခဲ့သည်ဟုရုရှားနိုင်ငံခြားရေးဝန်ကြီးကစွပ်စွဲလိုက်သည်။
၃။အီရန်လုံခြုံရေးတပ်ဖွဲသည်ကီလိုမီတာ၂၀၀၀အထက်ပျံသန်းနိုင်ပြီးရေဒါဖမ်းမမိသည့်ကိုယ်ပျောက်ဒရုန်းအစီး၁၀၀၀ကိုလက်ခံရရှိခဲ့ကြောင်းကြေညာသည်။
၄။Tik Tokပိုင်ရှင်တရုတ်ကုမ္ပဏီကအမေရိကန်နိုင်ငံတွင်Tik Tokကိုသုံးစွဲခွင့်ပိတ်ခံရမည်ဆိုပါကTik Tokကိုအမေရိကန်နည်းပညာသူဌေးကြီးအီလွန်မတ်စ်ခ်ထံရောင်းချနိုင်သည်ဟုဘလွန်းဘတ်သတင်းဌာနကဖော်ပြလိုက်သည်။
၅။တက္ကဆက်စ်ပြည်နယ်အုပ်ချုပ်ရေးမှူးကလက်ရှိသမ္မတဘိုင်ဒင်၏အမိန့်ကိုဆန့်ကျင်ကာထရမ့်ကျမ်းသစ္စာကျိန်ဆိုမည့်နေ့တွင်အလံများတိုင်ထိပ်တင်လွှင့်ထူရန်အမိန့်ထုတ်လိုက်သည်။
NOM