27 ပတ် - ဘာသာပြန်ပါ။

(၉)လအတွင်း ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ (၅၂၁) သန်းရရှိထား

ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၏ (၉)လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅၂၁) သန်းရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလကုန်အထိ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုအနေဖြင့် တန်ချိန် (၄၀၂၃၀၈)တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၅၂၁) သန်း တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ တင်ပို့ရာတွင် ရေကြောင်း၊ လေကြောင်းတင်ပို့မှုမှ တန်ချိန် (၁၉၂၀၀၀) ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ် လာ (၃၁၂) သန်းတန်ဖိုး တင်ပို့ထားပြီး နယ်စပ်တင်ပို့မှုအနေဖြင့် မြဝတီ၊ ကော့သောင်း၊ ကျိုင်းတုံ၊ မြိတ်၊ မောတောင်နယ် စပ်ဂိတ်များမှ တင်ပို့ကြောင်း သိရသည်။

ပြည်တွင်းမှထွက်ရှိသော ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း (၃၀) ကျော်သို့တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှ တဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက် တင်ပို့ကြောင်း သိရသည်။

image