ပုစွန်ထုပ် မဆလာချက်🦐
=============

ပုစွန်ထုပ် ၂၀သား
ကြက်သွန်နီ ၁လုံး
ကြက်သွန်ဖြူ ၇မွှာ
မကျည်းရည် ၃ဇွန်း
ကြက်ဥ ၁လုံး
မဆလာ အနည်းငယ်
ရှမ်းနံနံ ၄ပင်
ကြက်သားမှုန့် အနည်းငယ်
ငံပြာရည် ။
ငရုတ်ကောင်း ။
ငရုတ်ပုထောင်း ။

-ပုစွန်ကို ရေစင်စင်ပွတ်ဆေး၍ ကျောထိပ်ကို ဓားနှင့်ခွဲ၍ ဂျီး
ကြောင်းထုတ်ပါ။ခေါင်းကိုညှပ်၍ သွားထုတ်ပြီး ရေဆေးကာ
ရေစစ်ထားပါ။ပုစွန်ကို နနွင်း ဆား ငံပြာရည် နှင့်နယ်ထားပါ။
-ကြက်သွန်နီပါးပါးလှီးထားပါ။ကြက်သွန်ဖြူ ငရုတ်ပွကို
ထောင်းထားပါ။ကြက်ဥကို ခလောက်ထားပါ။
### ဆီ ၃ဇွန်း ကြက်သွန်ဖြူ နီ နနွင်း ငရုတ်ပုထောင်းနှင့် ဆီ
သတ်ပါ။အရောင် ရဲလာလျှင် မဆလာထည်မွှေပါ ရေထည့်၍ အနှစ်ကျအောင်လုပ်ပါ။အနှစ်ရလျှင် ပုစွန်ထည့်ပါ။၂မိနစ်ခန့်
ကြာလျှင်ရေအနည်းငယ်ထည့်၍တည်ပါ။ဆူလာလျှင်မကျည်းရည် ထည့်ပါ။၂မိနစ် ခန့်ကြာလျှင် ခလောက်ထားသော ကြက်ဥ ၂ ဇွန်းခန့်ထည့်မွှေပါ။ချကာနီးလျှင်ငရုတ်ကောင်း
ရှမ်းနံနံအုပ်၍ မွှေကာရပါပြီရှင်။

image