27 w - Translate

ပရီးမီးယားလိဂ်ရဲ့ အရေးယူခြင်း ခံရတော့မယ့် အသင်း ၆ သင်း
______________
ပရီးမီးယားလိဂ်ဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း PSR ကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့ရတဲ့ အသင်းတွေကို ဒီအပတ်မှာ အရေးယူသွားဖို့ ပြင်နေပါတယ်။

လွန်ခဲ့တဲ့ ၁၈ လက မိတ်ဆက်ခဲ့တဲ့ နောက်ကြောင်းအမြန်လိုက်ခြင်း လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ပထမဆုံး ၂ နှစ်အတွင်း စံချိန်တင်အရှုံးပေါ် ခဲ့တဲ့အသင်းတွေဟာ ၂၀၂၄ ဇွန်လမှာ ပြီးဆုံးခဲ့တဲ့ ဘဏ္ဍာရေးစာရင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ တင်ပြဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးနဲ့ တရားရေးရာအဖွဲ့တွေဟာ PSR ချိုးဖောက်နိုင်ခြေရှိတဲ့ အသင်းတွေရဲ့ စာရင်းတွေကို ၁၄ ရက်ကြာ လေ့လာဆန်းစစ်ခဲ့ပြီး ယနေ့မှာ ကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။

ပြီးခဲ့တဲ့နှစ်က အဲဗာတန်နဲ့ ဖောရက်စ်တို့ကို ၂၀၂၀-၂၀၂၃ ခုနှစ်အတွင်း သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်သုံးစွဲခဲ့တဲ့အတွက် ၄ မှတ်နဲ့ ၂ မှတ်စီ အသီးသီး ရမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီအမှုတွေဟာ မကြုံစဖူး ထူးခြားတဲ့ အရေးယူမှုတွေအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး လက်ရှိမှာတော့ အမျိုးမျိုးသော အကြောင်းအရာတွေ ဒါမှမဟုတ် ကောင်းမွန်တဲ့ အပြုအမူပေါ် အခြေခံပြီး ရမှတ် ၃ မှတ်လျှော့ပြစ်ဒဏ်ကို စံနှုန်းအဖြစ် သတ်မှတ်ဖို့ စဉ်းစားနေပြီဖြစ်ပါတယ်။

ရလဒ်အနေနဲ့ ပရီးမီးယားလိဂ်ကလပ်အသင်း ၆ သင်းဟာ စည်းကမ်းချိုးဖောက်မှုနဲ့ လာမယ့် ၄၈ နာရီအတွင်း အရေးယူခြင်း ခံရဖွယ်ရှိနေပြီး အဲဒီအသင်းတွေကတော့ ချဲလ်ဆီး၊ မန်ယူနိုက်တက်၊ နယူးကာဆယ်၊ လက်စတာစီးတီး၊ ဘုန်းမောက်နဲ့ အစ်ပ်ဆွစ်ချ်တောင်းတို့ ဖြစ်တယ်လို့ The Guardian က ဖော်ပြခဲ့ပါတယ်။

image