ကျားဖြန့်တွေကို မြန်မာအာဏာပိုင်တွေက ပြင်းပြင်းထန်ထန် ဖမ်းဆီးနှိမ်နင်းနေတာကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာသူ တရုတ် ၁၄ ဦးကို စမွတ်ပရာကန်ရှိဟိုတယ်တစ်ခုတွင် ဖမ်းမိ
ဇန်နဝါရီ ၁၄
သရုပ်ဆောင် Xingxing၊ တရုတ်မော်ဒယ် Yang Zeki နှင့် ဘွဲ့ရပြီးစ အသက် ၂၁ နှစ်အရွယ် တရုတ်အမျိုးသမီးငယ် Wu Jiaqi တို့ကို မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းရှိ တရုတ်ကျားဖြန့်ဂိုဏ်းများက ပြန်ပေးဆွဲခဲ့ပြီး Xingxing နှင့် Wu Jiaqi တို့ကို ကယ်တင်နိုင်ခဲ့သော်လည်း ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် လုံခြုံစိတ်ချရမှုအပေါ် အဆိုးမြင်မှုများဖြစ်ပေါ်စေခဲ့သလို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပြင်းထန်စွာ စိစစ်မှုထွက်ပေါ်လာခဲ့သည်။ ထို့အပြင် လူဝင်မှုကြီးကြပ်ရေးဗျူရို၏ ကွပ်ကဲရေးမှူး ဒုတိယရဲမှူးချုပ် ပန်နူမက်စ် ဘွန်းယလပ်က တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်သွားလာမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များအားလုံးကို အရှိန်အဟုန်ပြင်းပြင်းဖြင့် စိစစ်ရန် ညွှန်ကြားထားသည့်အပြင် လူဝင်မှုကြီးကြပ်ရေး Hot Line 1178 ကိုလည်း နိုင်ငံခြားသားများနှင့် ပတ်သက်သည့် သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို အများပြည်သူက သတင်းပေးပို့ရန် တိုက်တွန်းထားသည်။
#centralnewsnaypyitaw

