ဆော်ဒီအာရေဗျနာမည်ကြီးကလပ်အန်လ်ဟီလာလ်အသင်းဟာ အဂ်လန်ပရီးမီးယားလိဂ်ကလပ်လီဗာပူးလ်မှာခြေစွမ်းကျဆင်းနေတဲ့ တိုက်စစ်မှူးဒါဝင်နူးနက်ဇ်ကိုအသင်းဆီခေါ်ယူဖို့ပထမဆုံးစိတ်ဝင်စားလာတဲ့အသင်းဖြစ်လာတယ်လို့ လီဗာပူးလ်အသင်းဆိုင်ရာနာမည်ကြီးသတင်း Anfield Watch ကဖော်ပြခဲ့ပါတယ်။
ဒါဝင်နူးနက်ဇ်အနေနဲ့ ဒီရာသီကာလမှာသွင်းဂိုးသွင်းယူနိုင်ရေးနဲ့ပတ်သက်ပြီးဝေဖန်မှုအကြီးအကျယ်ခံနေရပြီး သူ့အနေနဲ့ ပြိုင်ပွဲစုံ ၂၆ ပွဲပါဝင်ကစားခဲ့ပြီးနောက် ၄ ဂိုးသွင်း ၄ ဂိုးဖန်တီးထားနိုင်ခဲ့ကာ ကစားသမားအနေနဲ့အသင်းဆီကနေရောင်းချခံရဖို့စဉ်းစားသုံးသပ်နေရတဲ့ပထမဆုံးကစားသမားဖြစ်တယ်လို့သတင်းထွက်လာရတဲ့အထိအခွင့်အရေးကြိမ်ဖန်များစွာလွဲချော်ထားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဒဏ်ရာပြသနာတွေကြုံတွေ့နေရပြီး အသင်းကနေထွက်ခွာဖွယ်ရှိနေတဲ့နေမာနေရာအစားထိုးဖို့အတွက် အန်လ်ဟီလာလ်အသင်းဟာ ဒါဝင်နူးနက်ဇ်ကိုခေါ်ယူဖို့စိတ်ဝင်စားလာခဲ့ပါတယ်။ဒါအ့ပြင် လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှူးဟောင်းဂျော်လ်ဆီဆက်စ်အနေနဲ့လည်းအဆိုပါအသင်းရဲ့နည်းပြဖြစ်နေတာဖြစ်ပါတယ်။
ဆီဆက်စ်အနေနဲ့ ဒါဝင်နူးနက်ဇ်ရဲ့ခြေစွမ်းကိုကြိုက်နှစ်သက်မှုရှိပြီးဘင်ဖီကာအသင်းမှာ ၂၀၂၀-၂၁ ရာသီကာလတွေမှာအတူလက်တွဲဖူးခဲ့တာဖြစ်ပါတယ်။အဆိုပါဥရုဂွေးတိုက်စစ်မှူးအနေနဲ့ ပွဲပေါင်း ၆၆ ပွဲကစားထားရာမှာ ၃၂ ဂိုး ၁၄ ဂိုးဖန်တီးထားနိုင်ခဲ့တာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ့လီဗာပူးလ်အသင်းအနေနဲ့ ဒါဝင်နူးနက်ဇ်ရဲ့ပြောင်းရွှေ့ကြေးကိုပေါင်သန်း ၈၅ သန်းသတ်မှတ်ထားခဲ့ပြီး ၂၀၂၂ ခုနှစ်တုန်းကဘင်ဖီကာအသင်းကနေခေါ်ယူတုန်းကပြောင်းရွှေ့ကြေးနဲ့အတူတူဖြစ်ပါတယ်။စာချုပ်သက်တမ်းအရလည်း ၂၀၂၈ ခုနှစ်အထိကျန်ရှိသေးတာကြောင့် တကယ်လို့အသင်းဆီခေါ်ယူချင်တယ်ဆိုရင်တော့ အန်လ်ဟီလာလ်အသင်းအနေနဲ့အနည်းငယ်ကြန့်ကြာမှုရှိနိုင်ပါတယ်။
#ဘောလုံးသတင်းစုံ
