ကိုလံဘီယာနိုင်ငံက နယ်မြို့လေးတစ်မြို့မှာ
နာဂိုလို့အမည်ရတဲ့ ခွေးလေးက ညဏ်ကောင်းလို့
Social Media အတော်လေးနာမည်ကြီးနေပါတယ် ။
ဒီခွေးလေးနေတဲ့အိမ်က စာသင်ကျောင်းနားမှာရှိတာဖြစ်ပါတယ် ။ စာသင်ကျောင်းက ကလေးတွေက ပိုက်ဆံတွေကိုင်ပြီး ခွေးလေးနာဂို နေတဲ့အိမ်နားကမုန့်ဆိုင်မှာ မုန့်တွေ လာလာဝယ်စားတာကို သူက အမြဲလိုလိုတွေ့နေတာပေါ့ ။
အချိန်ကြာလာတော့ ပိုက်ဆံပေးပြီး မုန့်နဲ့လဲယူလို့ရတာကို သဘောပေါက်သွားတဲ့ ခွေးလေး နာဂိုကလဲ သစ်ရွက်တွေ ယူယူလာပြီးတော့ ဆိုင်မှာ မုန့်နဲ့လာလဲပြီး ဝယ်စားပါတော့တယ် ။ ဆိုင်ရှင်တွေကလဲသူ့ကို ချစ်လို့ မုန့်နဲ့လဲပေးပါတယ် ။
“ ဒီကောင်က နေ့တိုင်းသူစားဖို့ကွတ်ကီမုန့်တွေလာလာဝယ်ပါတယ် ၊ ပိုက်ဆံကိုတော့ ယူလာတဲ့သစ်ရွက်နဲ့ရှင်းတာပေါ့ “ ဆိုင်ရှင်ကပြောပါတယ် ။
